tag:blogger.com,1999:blog-23282822725478768382024-03-05T02:27:45.242-08:00Internet Church.ဘုရားကျောင်းမရောက်ဖြစ်သောသူများ၊
တစ်ပတ်အတွက် တရားတစ်ပုဒ်နှင့်မရောင့်ရဲသောသူများ၊
ဝိညာဉ်ရေး ဆာလောင်မွတ်သိပ်သူများအတွက်
အခန်း ( ၅ )
(ထွ ၃၀း၁၇-၂၁)
“ယဇ်ပုရောဟိတ်ကြီးခင်ဗျာ-ကျွန်တော်မသိလို့ မေးပါရစေ။
ဟိုနားက လူတစ်ယောက် သူ့ရဲ့ ခြေ လက်တွေကို ဘာဖြစ်လို့ ရေနဲ့သေချာ ဆေးနေရတာလ”ဲ
သြော် - အဲ့ဒါလား ကဲ . . . သူ့ကို သေသေချာချာ ကြည့်လိုက်စမ်း၊ သူဝတ်ထားတဲ့ ၀တ်ရုံ အဖြူနဲ့ ပန်းထိုးထားတဲ့
ခါးစည်းကိုကြည့်ရင် သူလည်း ယဇ်ပုရောဟိတ်တစ်ပါးဆိုတာ သိနိုင်တယ်။ သန့်ရှင်းရာဌာနထဲကို သန့်ရှင်းစင်ကြယ်တဲ့
ယဇ်ပုရောဟိတ်ပဲ ၀င်ခွင့်ရှိတာမို့ မ၀င်ခင် အခုလိုအရင် ဆုံး ဆေးကြောရတယ”် ။
မှန်ပေသည်။ သာမန် ဣသရေလ လူတစ်ယောက်အဖို့ သန့်ရှင်းရာဌာနထဲသို့ ၀င်ရန် မဆို ထားနှင့်၊
ယဇ်ပုရောဟိတ်များ၏ ဝေယာာဝစ္စကို ကူညီလုပ်ကိုင်ပေးရသော အလုပ်သမား “လေ၀ိလူ” တို့ပင် ၀င်ရောက်ခွင့် မရှိပေ။
“လေ၀ိလူ” တို့သည် တဲတော်ဝင်း (သန့်ရှင်းရာဌာန အပြင် ဘက်)ရှိ အလုပ်ကိစ္စနှင့် တဲတော်အသုံးအဆောင်ပစ္စည်းမျာကို
ထမ်းရွက်သယ်ပိုး ရွှေ့ပြောင်းခြင်း အမှုတ့ကိုသာ လုပ်ဆောင်ကြရသည်။ ဤသန့်ရှင်းရာဌာန အတွင်းသို့
ယဇ်ပုရောဟိတ်မင်း အာရုန် နှင့် အာရုန်မှဆင်းသက်လာသော ယဇ်ပုရောဟိတ်များသာ ၀င်ရောက်ခွင့်ရှိသည်။
ဘုရားသခင်သည် အလွန်သန့်ရှင်း မြင့်မြတ်တော်မူ၏။ ယဇ်ပုရောဟိတ်များမူကား မိမိတို့ ကိုယ်ကို
ထာဝစဉ်ညစ်ညူးစေတတ်သူများ ဖြစ်ခြင်းကြောင့် အထံတော်သို့ ချဉ်းကပ်တိုင်းသန့်ရှင်း ခြင်းရှိရန် ရှေးဦးစွာ
အင်တုံ၌ကိုယ်ကို ဆေးကြောသန့်စင်ရမည်ဟု ဘုရားရှင်သည် တင်းကြပ်စွာ ပညတ်ထားခဲ့သည်။ ထိုသို့
သန့်ရှင်းခြင်းမပြုလျှင် ယဇ်ပုရောဟိတ်တို့သည် ဘုရားသခင်၏ အမှုတော်ကို သန့်ရှင်းစင်ကြယ်စွာ ဆောင်ရွက်နိုင်ကြမည်
မဟုတ်ပေ။
ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ်ဖြစ်သည်။
ဤအကြောင်းအရာများသည် ဓမ္မဟောင်းကာလ အဖြစ်အပျက်များဖြစ်သည်။ သာမန်ဣသ ရေလ
လူတစ်ယောက်အတွက် ယဇ်ပလ္လင်ကို ကျော်လွန်ခွင့်မရှိသောကြောင့် အင်တုံကို အရေး ထားစရာ မလိုသော်လည်း
ယဇ်ပုရောဟိတ်မူကား အင်တုံကို နေ့စဉ်အသုံးပြုနေရသောကြောင့် အင်တုံသည် သူ့အတွက် အလွန်အရေးကြီးသည်။
ဤစာကိုဖတ်နေသော သင်နှင့်ကျွန်ုပ်အတွက်လည်း ပူဇော်သက္ကာယဇ်ဖြစ်သော ခရစ်တော် ကို
လက်ခံပြီးသူဖြစ်လျှင် အင်တုံသည် မရှိမဖြစ် အရေးပါလိုအပ်သော အရာဖြစ်လာသည်။
အကြောင်းဆိုသော် -
ဘုရားသခင်သည် ပူဇော်သက္ကာဖြစ်သော ခရစ်တော်ကို လက်ခံသူတို့အား အပြစ်ဆေး ကြောဖြေလွှတ်ရုံသာမက၊
ယဇ်ပုရောဟိတ်များအဖြစ်လည်း ခန့်ထားတော်မူ၏။ ခရစ်တော်သည် သူပိုင်ဆိုင်သော သူများကို
ချစ်မြတ်နိုးတော်မူသည့်အတွက် ထိုသူတို့အာ ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များအဖြစ် ခန့်ထားတော်မူ၏ (ဗျာ
၁း၅-၆)။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သူတိုင်း သည် ဘုရားသခင်၏သားဖြစ်သကဲ့သို့ ယဇ်ပုရောဟိတ်လည်း
ဖြစ်သည်။
ဓမ္မသစ်ကာလတွင် ဓမ္မဟောင်းကာလကဲ့သို့ ယုံကြည်သူ သာမန်လူတန်းစားနှင့် ဘုန်းကြီး လူတန်းစားဟူ၍
အဆင့်အတန်းခွဲခြားခြင်း မရှိပေ။ တမန်တော်ကြီး ရှင်ပေတရုက ယုံကြည်သူများ ထံ စာရေးသည့်အခါ “သင်တို့သည် . .
ဓမ္မယဇ်ကို ပူဇော်ရသော ယဇ်ပုရောဟိတ်မျိုးလည်း ဖြစ်ကြ ၏။ အလင်းသို့ ခေါ်သွင်းတော်မူသောသူ၏ ဂုဏ်ကျေးဇူးများကို
ဖော်ပြစေခြင်းငှာ၊ မင်းစည်းစိမ်ရှိ သော ယဇ်ပုရောဟိတ်မျိုး ဖြစ်ကြ၏” ဟု ရေးသားဖော်ပြခဲ့သည် (၁ ပေ၊ ၂း၅-၉)။
သံသယ အတွေး
ခရစ်ယာန်များစွာတို့သည် အဘယ်ကြောင့် ယနေ့တိုင် ကယ်တင်ခြင်း စိတ်ချမှု မခံစားရ သနည်း။
ထိုသူတို့သည် မိမိကိုယ်မိမိ ပျက်စီးဆုံးရှုံးနေသည့် အပြစ်သားဖြစ်ကြောင်း သိမြင်၍ ယဇ်ပလ္လင်တည်းဟူသော
ကားတိုင်သို့ချဉ်းကပ်လျက် ပူဇော်သက္ကာယဇ် (ခရစ်တော်)ပေါ်သို့ လက် တင်ခဲ့ကြသည်။ “ဘုရားသခင်၏ သားတော်
ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှ ကို ဆေးကြောတော်မူ၏” (၁ယော ၁း၇) ဟူသော ကတိတော်ကို
ယုံကြည်ကြသူများလည်း ဖြစ်သည်။
ထို့ပြင် ဘုရားသခင်ပြုတော်မူသော ကယ်တင်ခြင်းကျေးဇူးကို လက်ခံလျက် ဘုရားသခင် အား ကျေးဇူးတင်
ချီးမွမ်းကြသည်။ (ယော၊ ၁း၁၂၊ ၁၃။ ကော ၁း၁၂)။
သို့ရာတွင် ထိုသူတို့သည် များမကြာမီ အချိန်အတွင်း အမှောင်ထဲသို့ ပြန်လည်သက်ဆင်းမိ ကြကာ
ထပ်မံအပြစ်ကျူးလွန်သေးကြောင်း ၀မ်းနည်းဖွယ်ရာ တွေ့ရသည်။ ထိုသူတို့ကိုကြည့်လျှင် မယုံကြည်ခင်က
လူဟောင်းအသက်တာ အတိုင်းပင်ရှိသေးသည်။ ဘုရားသား၏ လက္ခဏာလည်း ပေါ်လွင် ထင်ရှားခြင်း မရှိ။
သူတို့၏ ပြောင်းလဲခြင်းသည် စစ်မှန်သော ပြောင်းလဲခြင်း ဟုတ်ပါရဲ့လား။
သူတို့သည် ဘုရားသခင်၏ သားသမီး အစစ်အမှန် ဖြစ်ကြပါ၏လော။
အထက်ပါ သံသယ အတွေးများသည် သူတို့၏ စိတ်နှလုံးထဲတွင် ပေါက်ဖွားလှုပ်ရှားနေလေ တော့သည်။
တစ်ကြိမ်တည်း ရွေးနှုတ်ခံရရုံဖြင့် ကယ်တင်ခြင်းကို ထာဝရပိုင်ဆိုင်ရသည်။
ကျွန်ုပ်တို့ တစ်ကြိမ်ပြောင်းလဲပြီးလျှင် နောက်ထပ်ပြောင်းလဲစရာ လိုအပ်သေးသလား၊ အသွေးတော်ဖြင့်
ဆေးကြောပေးရန် ထပ်ခါထပ်ခါ တောင်းဆိုးရမည်လော၊ ကယ်တင်ခြင်း ပြန် လည်ဆုံးရှုံးနိုင်သလော
ထာဝရတည်တံ့ပါသလော။
ဤသို့ သံသယ မေးခွန်းမျိုးသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝဖီလာဆန့်ကျင်နေ သည်။ ထိုသို့
မေးမြန်းသူ၊ သံသယဖြစ်နေသူတို့သည် ယဇ်ပလ္လင်နှင့် အင်တုံ၏လုပ်ဆောင်ချက် ကွာခြားမှု အနက်အဓိပ္ပါယ်ကို
နားလည်လွဲမှားနေခြင်းကြောင့် ဖြစ်သည်။
မယုံကြည်သူအတွက် ယဇ်ပလ္လင်၏ ယုံကြည်သူအတွက် အင်တုံ၏
လုပ်ဆောင်ချက် လုပ်ဆောင်ချက်
လူသားတိုင်းသည် အပြစ်သားများ ဖြစ်ကြ၍ ခရစ်တော်ကို ယုံကြည်လက်ခံသူသည်
တစ်နေ့ ဘုရားသခင်၏ အပြစ်ဒဏ်စီရင်ခြင်း ဘုရားသခင်၏ သားဖြစ်လာသော်လည်း
ခံရမည်။ သို့သော် ကားတိုင် (ယဇ်ပလ္လင်)ထက် အပြစ်ထပ်မံ ကျူးလွန် မိနိုင်သေး၏။
တွင် ခရစ်တော် အသေခံတော်မူခြင်းဖြင့် ကယ် ညစ်ညူးနိုင်သေး၏။ အကယ်၍ အပြစ်
တင်ခြင်း အမှုအားလုံးကို ပြည့်စုံပြီးစီးစေခဲ့ ထပ်ပြုမိလျှင် ၀န်ချတောင်းပန်ခြင်းဖြင့်
သည်။ မည်သူမဆို မိမိအပြစ်များကို နောင်တ ညစ်ညူးခြင်းကို ဖယ်ရှားပစ်ရမည်။ ဤ
ရပြီး အပြစ်ဝန်ချ တောင်းပန်လျက် ခရစ်တော်၏ အမှုအတွက် ခရစ်တော်သည် ခမည်း
အသွေးတော်ကို ယုံကြည်ကိုးစားပါက အပြစ် တော်ဘုရား ရှေ့တော်၌ အမှုဆောင်
ဒဏ်စီရင်ခြင်းမှ ထာဝရ ရွေးနှုတ်ခြင်း ခံရမည်။ သခင်အဖြစ် ဆောင်ရွက်လျှက် ရှိသည်။
ခရစ်တော် လုပ်ဆောင်ခဲ့သော ရွေးနှုတ်ခြင်း ကိုယ်တော်သည် ကျွန်ုပ်တို့၏ ခြေ(စိတ်နှ
ကျေးဇူးသည် ထာဝရတည်သောကြောင့် တစ်ခါ လုံး)ကို နှုတ်ကပတ်တော် ရေဖြင့် ဆေး
ယုံကြည်လက်ခံပြီးလျှင် အပြစ်ခွင့်လွှတ်ခြင်း ကြောပေးနေသဖြင့် ညစ်ညူးသွားသည့်
ရရန် အဖန်တလဲလဲ တောင်းခံစရာ မလိုတော့ပါ။ အခါတိုင်းထပ်မံတလဲလဲဆေးကြောခြင်း
ခံရမည်။
သန့်ရှင်း စင်ကြယ်စေသော ရေ
အင်တုံသည် ဘုရားသခင်၏ အိမ်တော်သို့ သွားရာလမ်းပေါ်ရှိ ဒုတိယမြောက် အရာဝတ္ထုဖြစ် ပြီး ရေအပြည့်
ဖြည့်ထားသည်။
သမ္မာကျမ်းတွင် ရေ၏ထူးခြားချက်ကို မည်သို့ တွေ့နိုင်သနည်း။
“ကိုယ်တော်သည် အသင်းတော်အား နှုတ်ကပတ်တော်ရေဖြင့် ဆေးကြော သန့်စင်တော် မူ၏” ဟု (ဧ ၅း၂၆)
တွင် ဖေါ်ပြထားကာ “သင်တို့သည် ငါဟောပြောသော စကား (နှုတ်ကပတ် တော်ေ၇)အားဖြင့် ယခုပင်
ရှင်းလင်းလျက်ရှိသည်” ဟု (ယော ၁၅း၃)တွင်လည်း ဖော်ပြထားသည်။ ဤကျမ်းပိုဒ်အရ ဘုရားသခင်၏
နှုတ်ကပတ်တော်သည် ရေပမာ လူတစ်ဦးစီ၏ အသက်တာကို သန့်ရှင်းစင်ကြယ်စေကြောင်း ပုံဆောင်နေသည်။
သွေးနှင့်ရေ
အရှင်ယေရှု သက်တော်စွန့်ပြီးနောက် စစ်သူရဲတစ်ယောက်က နံလေးတော်ကို လှံဖြင့်ထိုး ဖောက်လိုက်ရာ
သွေးနှင့်ရေ ချက်ချင်းစီးထွက်လာ၏။ (ယော ၁၉ါ်၃၄)။ စီးထွက်လာသော အသွေး သည် ရန်ငြိမ်းခြင်း (သို့မဟုတ်)
အပြစ်ဖြေလွှတ်ခြင်းပေး၍ ရေမူကား ဆေးကြောသန့်စင်ခြင်းကို ရည်ညွှန်းလျက်ရှသည် (၁ ယော ၅း၆)။
ပြောင်းလဲလာသူသည် အသွေးတော်ဖြင့် ရွေးနှုတ်ဖုံးလွှမ်းခြင်း ခံရသည်။ သို့ရာတွင် ဘုရား သခင်နှင့် အမြဲတမ်း
မိတ်သဟာယဖွဲ့နိုင်ဖို့ သန့်ရှင်းစင်ကြယ်ရမည်။ သန့်ရှင်းစင်ကြယ်ရန်လည်း ရေ ဖြင့် ထပ်ခါတလဲလဲ
ဆေးကြောသန့်စင်ရမည်ဖြစ်ကြောင်း အင်တုံက သတိပေးလျက်ရှိသည်။
ထို့ကြောင့် အသွေးတော်ဖြင့် အပြစ်ဖြေလွှတ်ခြင်းအပိုင်းနှင့် နှုတ်ကပတ်တော်ရေဖြင့် အကြိမ်ကြိမ်
ဆေးကြောသန့်စင်ခြင်းအပိုင်းတို့ကို ကွဲကွဲပြားပြား သိထားလျှင် ကျွန်ုပ်တို့၏ အသက် တာ၌ ယုံမှားသံသယဖြစ်နေသော
အရာများ ပျောက်ကွယ်သွားလိမ့်မည်။
ခရစ်တော်၌ ဆက်ဆံခြင်း ခရစ်တော်နှင့်အတူ ဆက်ဆံခြင်း
အရှေ့တိုင်းသားများသည် ခြေအိတ်နှင့်ရှူးဖိနပ်များကို မစီးဘဲ ကြိုးသိုင်းဖိနပ်၊ ခြေညှပ်ဖိနပ် များကိုသာ
စီးလေ့ရှိကြသဖြင့် မကြာခဏ ခြေထောက်ညစ်ပတ် ပေကျံသွားတတ်သည်။ ထိုခေတ် အခါက ညစ်ပတ်ပေကျံနေသော
ခြေထောက်ဖြင့် ကွပ်ပျစ်နှင့်ခုံတန်းရှည်များပေါ်တွင် လဲလျောင်း ခွင့်မရှိချေ။ ဧည့်ခံစားသောက်ပွဲများတငွ် အစာမစားမီ
ဧည့်သည်များ၏ခြေထောက်ကို ပထမဦးစွာ ဆေးကြောပေးသော ဓလေ့ထုံးစံရှိခဲ့သည်။ (လု ၇း၃၆-၅၀)။
ကိုယ်တော်ရှင်၏ နောက်ဆုံးညစာစားပွဲတွင် တပည့်တော်အချင်းချင်း မည်သူကသာ၍ ကြီး မြတ်သလဲဟု
ငြင်းခုံနေကြစဉ် အရှင်ယေရှုကိုယ်တိုင် တပည့်တော်တို့၏ခြေကို ဆေးပေးလျက် အစေခံတော်မူခဲ့၏။ ဤအရာကို
လက်မခံလိုသော ယေရှုအား အရှင်ယေရှုက
“သင့်ကို ငါမဆေးရလျှင် သင်သည်ငါနှင့် မဆက်ဆံရ ဟု မိန့်တော်မူ၏” (ယော ၁၃း၈)။
ခရစ်တော်၌ ဆက်ဆံခြင်းအခွင့်ကို ခြေဆေးခြင်းဖြင့်ရသည်မဟုတ်ဘဲ ယဇ်ပလ္လင(် ကားတိုင)် ၌ မိမိကိုယ်စား
ခရစ်တော်အသေခံသွားသည်ကို ယုံကြည်ခြင်းဖြင့် ရခဲ့ခြင်းဖြစ်သည်။ သို့သော် ခရစ်တော်နှင့်အတူနေစဉ် ဆက်ဆံနိုင်ရန်
ခြေဆေးခွင့်ပြုရမည်။ ပေတရုအား အရှင်ယေရှုပြောခဲ့ သောစကားကို ထောက်၍ ကျွန်ုပ်တို့၏နေ့စဉ် အသက်တာတွင်
ခရစ်တော်နှင့်အတူ မိတ်သဟာယ ဖွဲ့လျက် ဆက်ဆံခြင်းရှိရမည်။
ခြေဆေးခြင်း
ထို့ကြောင့် ယုံကြည်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ရေ(အင်တုံ)ရှိရာသို့ အစဉ် ချဉ်းကပ်ရမည်။
သဲကန္တာရထဲတွင် လျှောက်နေရသူ၏ ခြေထောက်သည် အစဉ်ညစ်ပတ်ပေကျံ နေ တတ်သည်။ ထို့အတူ
အပြစ်ဒုစရိုက်ဖုံးလွှမ်းရာ ဤလောကကြီးထဲတွင် အသက်ရှင်နေထိုင်ကြရ သော ယုံကြည်သူတိုင်းသည် မကောင်းမှုများနှင့်
ငြိစွန်းလျက် စိတ်နှလုံးကို ညစ်ညူးစေတတ် သည်။ (ယေရ ၁၇း၉)။ ရံဖန်ရံခါ မနောကံ၊ ၀စီကံဖြင့်
အပြစ်ကျူးလွန်မိတတ်သည်။ အထူးသဖြင့် နေ့စဉ် မြင်ရကြားရသော လောကီအရာများက ကျွန်ုပ်တို့၏ စိတ်နှလုံးနှင့်
အသက်တာကို ညစ်ညူးစေ သည်။ အပြစ်ဒုစရိုက်ကို ထင်ထင်ရှားရှား မကျူးလွန်ခဲ့လင့်ကစား ရေအင်တုံ၌ ထပ်ခါထပ်ခါ
ဆေး ကြောသန့်စင်ဖို့ လိုသည်။ သို့ဖြစ်၍ နေ့စဉ် နှုတ်ကပတ်တော် ဖတ်ရှုဆင်ခြင်လျှက် မိမိကိုယ်ကို စစ် ဆေးသင့်သည်။
ကျွန်ုပ်တို့ခြေကို မည်သူ ဆေးပေးသနည်း။
အရှင်ယေရှုကိုယ်တော်တိုင် ဆေးပေးသည်။ ယုံကြည်သူ ကျွန်ုပ်တို့၏ အသက်တာတွင် အရှင်ယေရှုက
နှုတ်ကပတ်တော်ရေဖြင့် ဆေးကြောပေးနေသည်ကို ယုံကြည်ရန်ခက်ခဲသော်လည်း နှုတ်ကပတ်တော်ကို
အစဉ်ဖတ်ရှုကြားနာလျှင် အမှန်တကယ်ပင် သန့်ရှင်းစင်ကြယ်ခြင်း ခံစားသိရှိ လာနိုင်သည်။ နှုတ်ကပတ်တော်၌
တန်ခိုးရှိသောကြောင့် ကျွန်ုပ်တို့၏ မသန့်ရှင်းသော အကြံ အစည်၊ အတွေးအခေါ်၊ အပြုအမူများကို ပေါ်လွင်ထင်ရှား
စေနိုင်သည်။ သမ္မာကျမ်းသည် သန့်ရှင်း စုံလင်သောကြောင့် ကျွန်ုပ်တို့၏ အမှားများ၊ အပြစ်များနှင့် အားနည်းချက်များကို
ပြန်လည်တွေ့မြင် လာအောင် ဖော်ပြပေးနိုင်သည်။
ဤနည်းအားဖြင့် ခရစ်တော်သည် ကျွန်ုပ်တို့ကို နောင်တရစေ၍ အပြစ်ဝန်ချ တောင်းပန်စေ ခဲ့သည်။ မိမိအပြစ်ကို
နောင်တရပြီး ၀န်ချတောင်းပန်လိုက်သည်နှင့် အပြစ်ခွင့်လွှတ်ခြင်း ခံရပြီး နောက် သန့်ရှင်းစင်ကြယ်သော
ယုံကြည်သူတစ်ဦးအဖြစ်သို့ ပြန်လည်ရောက်ရှိလာသည်။
ကျွန်ုပ်တို့ သန့်ရှင်းစင်ကြယ်ရခြင်းမှာ ခမည်းတော်ဘုရား ရှေ့တော်တွင် အမှုဆောင်၍ လျှောက်လဲပေးနေသော
အရှင်ယေရှုကြောင့်ပေးတည်း။ ထို့ကြောင့် (၁ ယော ၂း၁-၂) တွင် “ချစ်သားတို့ သင်တို့သည် ဒုစရိုက်ကို မပြုစေခြင်းငှာ
ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏” ဟု သတိပေးထားခြင်းဖြစ်သည်။ ဤအချက်ပင်လျှင်
ခမည်းတော်ဘုရား၏ အလိုတော်ဖြစ်သည်။ ဘုရားသားဖြစ်သူသည် ဒုစရိုက်ကျူးလွန်လိုစိတ် မရှိသော်လည်း
လက်တွေ့တွင် အပြစ်ပြုနိုင် ကြောင်း ဘုရားသခင်သိမြင်ပြီးဖြစ်သည်။ ဘုရားသားဖြစ်သူသည် အပြစ်ပြုမိသောအခါ
မျှော်လင့် ချက်ကင်းမဲ့စွာ အသက်ရှင်ဖို့မလိုပါ။ အကြောင်းမူကား ဖြောင့်မတ်တော်မူသော အရှင်ယေရှုခရစ် တည်းဟူသော
ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ လျှောက်လဲပေးနေ၏။
မည်သည့်အချိန်တွင် အပြစ်ဝန်ချရမည်နည်း။
ယုံကြည်သူ သူငယ်ချင်းတစ်စုသည် ခြေဆေးခြင်းနှင့်ပတ်သက်ပြီး စကားလက်ဆုံကျနေကြ ရာ ပထမ,
တစ်ယောက်က စတင်၍ “ကျွန်တော်ဟာ စနေနေ့ညရောက်တိုင်း တစ်ပါတ်အတွင်း လုပ်မိခဲ့တဲ့အပြစ်တွေကို
ပြန်စစ်ဆေးပြီး မှားတာတွေကို ဘုရားသခင်ဆီ အပြစ်ဝန်ချတောင်းပန် လေ့ရှိတယ်။ ဒီလိုလုပ်ခြင်းအားဖြင့်
တနင်္ဂနွေနေ့ကျရင် စိတ်ထဲမှာ ပေါ့ပါးရွှင်မြူးစွာနဲ့ သွားလာရ တယ်” ဟု သူငယ်ချင်းများကို ပြောပြနေသည်။
ဒုတိယလူက “ကျွန်တော်ကတော့ စနေနေ့ညအထိ ဆိုင်းမထားဘူးဗျ။ လုပ်ခဲ့သမျှအပြစ် တွေ ကို
ညအိပ်ရာမ၀င်ခင် ပြန်စစ်ဆေးပြီး ၀န်ချတောင်းပန်လေ့ရှိတယ်”
တတိယလူက “ကျွန်တော်ကတော့ အပြစ်သင့်တဲ့ ပြောဆို လုပ်ကိုင် ကြံစည်သမျှကို အမြဲ ဆန်းစစ်ပြီး
ချက်ချင်းဝန်ချ တောင်းပန်လေ့ရှိတယ်။ တကယ်လို့ မသန့်ရှင်းတဲ့ အရာတွေကို တွေးမိ ရင်တောင် ချက်ချင်းဖယ်ရှား
ပစ်လိုက်တယ်”
အထက်ပါ ယုံကြည်သူသုံးဦးအနက် မည်သူသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ပါသနည်း။
အဘယ်သူသည် ဘုရားသခင် လုပ်ဆောင်ပေးခဲ့သော အကျိုးကျေးဇူးကို ပြည့်ပြည့်၀၀ ခံစားရပါသနည်း။
သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံမရှိ
ကလေးတစ်ယောက်သည် ဖခင်(သို့မဟုတ်)မိခင်၏ စကားကို နားမထောင်ခဲ့သော် မိဘ များက“ ဟာ . . .
ဒီကလေးက တို့ရဲ့သားသမီး မဟုတ်ဘူး” ဟု ပြော၍မရပါ။ သားသည် သားအရာ ၌ ဆက်လက်တည်တံ့နေပေမည်။
ဇာတိမျိုးရိုးမှ မွေးဖွားလာသည့်သားကို သွေးသားမတော်စပ် တော့ဟု ပြောင်းလဲငြင်းပယ်၍ မရနိုင်ပါ။ သို့သော် မိဘစကား
နားမထောင်သော သားမိုက် တစ် ယောက်အဖို့ ဖခင်အပါးတွင် ပျော်ပျော်ရွှင်ရွှင် နီးနီးကပ်ကပ် နေခွင့်ရမည် မဟုတ်ချေ။
ထိုနည်းတူ ယုံကြည်သူတစ်ဦးသည် အပြစ်ကျူးလွန်မိသောအခါ ဘုရားသခင်၏ သားအဖြစ် မှ
မဆုံးရှုံးနိုင်သော်လည်း ဘုရားသခင်၏စကားကို နားမထောင်ခြင်းကြောင့် ထိုသူ၏ အသက်တာ ၌ ၀မ်းမြောက်ပျော်ရွှင်မှု
ကင်းမဲ့နေလိမ့်မည်။ ထိုမျှမက ခမည်းတော်ဘုရားနှင့် အဆက်ပြတ်လျှက် ဆုတောင်းခွင့်နှင့် အောင်မြင်ခြင်းတန်ခိုး
ဆုံးရှုံးရလေသည်။
ထိုသူသည် ဘုရားသခင်နှင့် ပြန်လည်ဆက်သွယ် ရင်းနှီးရန် မိမိအပြစ်များကို ဖော်ပြ၍ ၀န်ချ တောင်းပန်ရမည်။
ဝန်ချရာတွင် အပြစ်သားက ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ခြင်းမျိုး မဖြစ် စေဘဲ၊ ဖခင်ထံသို့ နောင်တဖြင့်
ပြန်လာသော သားမိုက်တစ်ယောက်၏ ချဉ်းကပ်ခြင်းမျိုးသာ ဖြစ်ရ မည်။ ဤအချက်သည်ပင် ရေ အင်တုံ၏
ထူးခြားချက်ဖြစ်သကဲ့သို့ ယုံကြည်သူတိုင်း၏ အသက်တာ တွင် အရေးအကြီးဆုံးသော အချက်ဖြစ်သည်။ ယုံကြည်သူသည်
မိမိ၏ကယ်တင်ရှင်နှင့် ကောင်းကင်အဖဖြစ်သော ခမည်းတော်ဘုရားကို ၀မ်းနည်း ကြေးကွဲ ရှုတ်ချ ထိခိုက်အောင်
မပြုသင့်ကြောင်း ရေ အင်တုံက သတိပေးလျက်ရှိသည်။
ယုံကြည်သူသည်အပြစ်ပြုမိ၍ ပြိုလဲသွားသောအခါတွင် စစ်မှန်သော နောင်တဖြင့် ၀န်ချ တောင်းပန်ပါက
ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပြန်လည်ထူပင့် ချီးမခြင်းခံရကာ အပြစ်ခွင့် လွှတ်ခြင်း ခံစားရသည်။ ၎င်းပြင် ရွေးနှုတ်
ကယ်တင်ရှင်နှင့် ပြန်လည် မိတ်သဟာယဖွဲ့ရသော အခွင့်ရရှိပြီး အသစ်သော ငြိမ်သက်ခြင်းကို ပြန်လည်ခံစားရလေသည်။
ထာဝရ အစေခံသော အရှင်
ချစ်စွာသော ယုံကြည်သူ ညီအစ်ကို မောင်နှမ အပေါင်းတို့ -
ပေကျံနေသော မိမိတို့ခြေထောက်ကို ပေတရုနည်းတူ နောက်သို့မရုပ်သိမ်းလိုက်ပါနှင့် ကိုယ် တော်ရှင်အား
ကြည်ကြည်သာသာ ဆေးကြောခွင့်ပေးလိုက်ပါ။ ကိုယ်တော်ရှင်နှင့်အတူ မိတ် သဟာယဖွဲ့နိုင်ရန် (သို့မဟုတ်)
ခွင့်လွှတ်ခြင်းရရန် အမြဲဝန်ချတောင်းပန်ပါ။ သင်၏ ခြေ(စိတ်နှလုံး) ကို ဆေးကြောခွင့်ပေးသည့်အခါတိုင်း
ကိုယ်တော်ရှင်သည် ၀မ်းမြောက်ပီတိ ဖြစ်လိမ့်မည်။ ဆေး ကြောခွင့်မပေးလျှင် ကိုယ်တော်ရှင်ကို
ဝမ်းနည်းကြေကွဲစေလိမ့်မည်။ သင်သည် ကိုယ်တော်ရှင် အား ရိုသေလေးစားခြင်းဖြင့် ဆုတောင်းပဌနာ ပြုနေသူ
ဖြစ်ကောင်းဖြစ်လင့်ကစား ကိုယ်တော်ရှင် နှင့်အတူ ၀ိညာဉ်၌ နီးနီးကပ်ကပ် အသက်မရှင်လျှင် ကိုယ်တော်ရှင်သည်
ဧကန်အမှန် ၀မ်းနည်းရ လိမ့်မည်။
ကိုယ်တော်ရှင်အတွက် သင်၏စိတ်နှလုံးတံခါးကို ကျယ်ဝန်းစွာ ဖွင့်ထားပေးပါ။ သင့်စိတ် နှလုံးအတွင်းရှိ
ငြိမ်သက်ခြင်းကို ဆီးတားနှောင့်ယှက်နေသည့် အရာများ ဖယ်ရှားပစ်နိုင်ရန် ကိုယ် တော်ရှင်အား အခွင့်ပေးလိုက်ပါ။
သို့ပြုလျှင် သင့်အသက်တာတွင် ကြွယ်ဝသော ကောင်းချီးမင်္ဂလာ များနှင့် အောင်မြင်ခြင်းတန်ခိုးကို ပိုမိုခံစားလာရပြီး
ကိုယ်တော်ရှင်အတွက် အသီးများစွာ သီးလိမ့် မည်။
ခြေဆေးခြင်းအမှုသည် နှစ်သက်ဖွယ်ရာ လုပ်ပေးချင်စရာ အမှုမျိုးမဟုတ်သော်လည်း ကိုယ် တော်သည်
ကျွန်ုပ်တို့၏ ခြေကို ထပ်ခါထပ်ခါ ဆေးပေးတော်မူ၏။ ကျွန်ုပ်တို့ကို ကယ်တင်သော အရှင်၏ ချစ်ြခင်းမေတ္တာသည်
အလွန်ကြီးမားလှပေတကား။ လူ့ညာဏ်ဖြင့် စဉ်းစားကြံစည်၍ မမှီ နိုင်ပါ။ ဤလောကတွင် အသက်ရှင်စဉ်က
ကိုယ်တော်သည် လူသားတိုင်းအတွက် အစေခံခဲ့သည့် နည်းတူ ယခုလည်း ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့အတွက်
အစေခံဆုတောင်းပေးလျက် ရှိသည်။ ကျွန်ုပ်တို့အတွက် ကိုယ်တော် အသက်ရှင်နေသည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏
ပြည့်စုံခြင်း ပမာဏသို့ ရောက်မှသာ ခြေဆေးပေးခြင်းအမှု ရပ်ဆိုင်းသွားသည်။ ထိုအချိန်တိုင်အောင် ကိုယ် တော်သည်
ဆက်လက် အမှုဆောင်နေဦးမည်။ ထို့ပြင် ကောင်းကင်ဘုံ၌ပင် မိမိပိုင်ဆိုင်သူများကို ခရစ်တော် ဆက်လက်လုပ်ကျွေး
ပြုစုလိမ့်မည်။
အရွယ် ပမာဏ
အင်တုံ၏ အတိုင်းအတာ အရွယ် ပမာဏကို သမ္မာကျမ်း၌ မဖော်ပြပါ။ အကြောင်းမှာ ယုံကြည်သူ၏
အသက်တာတွင် ဆေးကြောခွင့်လွှတ်ခြင်းခံရသည့် ကျေးဇူးတော်များကို တိုင်းတာ နှိုင်းဆ၍ မရနိုင်လောက်အောင်
များပြား ကြီးမားလှကြောင်း ဆိုလိုသည်။ ယုံကြည်သူ၏ အသက် တာတွင် လမ်းမှားသို့လိုက်မိပြီး အပြစ်ပြုခဲ့သော အကြိမ်
မည်မျှရှိကြောင်းကို ကိုယ်တိုင် မရေတွက် နိုင်သော်လည်း အပြစ်များကို နောင်တရပြီး ၀န်ချတောင်းပန်သောအခါ
ဘုရားသခင်သည် ကျွန်ုပ် တို့၏ အပြစ်များကို ခွင့်လွှတ်ရန် အစဉ်အမြဲ အသင့်ရှိနေသည်။
ကိုယ်တော်ရှင်၏ မေတ္တာသည် မနှိုင်းဆနိုင်လောက်အောင် ကြီးမားလှပါတကား.။
အမျိုးသမီးများ၏ ကြေးမုံ
အင်တုံကို အမျိုးသမီးများ အသုံးပြုသော ကြေးဝါ ကြေးမုံမှန်ဖြင့် ပြုလုပ်ထားသည် (ထွ၊ ၃၈း၈)။
အမျိုးသမီးများက သူတို့ပိုင်ဆိုင် အသုံးပြုနေသော ကြေးမုံမှန်ကို ဘုရားသခင်၏ အမှုတော် အတွက်
ပေးအပ်လှူဒါန်းခဲ့ကြသည်။ ထိုခေတ်အခါက (Mirror) ဟုခေါ်သော ပြဒါးသုတ်မှန် မပေါ် ပေါက်သေးသဖြင့်
အမျိုးသမီးများသည် ကြေးဝါချပ်ကို ရောင်ပြန်တပ်သည်အထိ ပြောင်လက် အောင် တိုက်ချွတ်ပြီး “မှန်” အဖြစ်
အသုံးပြုရသည်။
အမျိုးသမီးများသည် မိမိတို့၏ ရုပ်ဆင်းသဏ္ဍာန်ကို တွေ့မြင်ချင်သောအခါ ပြောင်လက် အောင်
တိုက်ချွတ်ထားသည့် ထို ကြေးဝါမှန်ချပ်ကို ကြည့်ပြီး တစ်ကိုယ်တည်းကျေနပ် ရွှင်ပြုံး ပီတိ ဖုံးခဲ့ကြ၏။
တစ်ချိန်က ပီတိဖြစ်စရာ ၀ါကြွားစရာအဖြစ် အသုံးပြုခဲ့သော ကြေးဝါချပ်များကို သာ၍မြင့် မြတ်သော
ရည်ရွယ်ချက်အတွက် အသုံးချလာကြသည်။ နေ့စဉ် မကြည့်မဖြစ်သလို အလွန်အသုံး ၀င်လှသော သူတို့၏
ကြေးဝါမှန်ချပ်များကို ဘုရားသခင်ထံတော်သို့ ဆက်ကပ်လှူဒါန်းလိုက်သော အခါ ဘုရားသခင်သည် ထိုကြေးဝါမှန်ချပ်ကို
ဘုရားသခင်ထံတော်သို့ ဆက်ကပ်လှူဒါန်း လိုက် သောအခါ ဘုရားငခင်သည ထိုကြေးဝါမှန်ချက်ကို အရည်ကျိုစေပြီး
ရွှေအိမ်တော်အတွက် အလွန် အဖိုးတန် အသုံးဝင်လှသော အင်တုံကို ပြုလုပ်စေခဲ့သည်။ အကယ်စင်စစ် အမျိုးသမီးများ၏
ကြေးဝါမှန်ဖြင့် “အသစ်သောကြေးမုံ” ကို ပြုလုပ်ထားခြင်း ဖြစ်သည်။
တစ်ချိန်က မိမိ၏အပြင်ပန်း ရုပ်ဆင်းသဏ္ဍာန်ကိုသာ ထင်ရှားတွေ့မြင်စေခဲ့သော ကြေးဝါမှန် သည် ယခုအခါ
မိမိကိုယ်ကို(စိတ်)ကို စီရင်ရန်နှင့် မိမိချို့ယွင်းချက်၊ အားနည်းချက်များကို ပြန်လည် စစ်ဆေး တွေ့မြင်စေသော
ကြေးမုံအဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။ အလားတူ ဘုရားသခင်၏ နှုတ်က ပတ်တော်သည် ကျွန်ုပ်တို့၏
အပြစ်အားနည်းချက်များကို ဖော်ပြပြုပြင်ပေးနိုင်သော အစွမ်းရှိသည်။
သို့ဖြစ်၍ ကျွန်ုပ်တို့၏ အားနည်းချက်များ မှားယွင်းမှုများကို ဖယ်ရှားနိုင်ရန် နှုတ်ကပတ်တော် ကို
ကြားနာဖတ်ရှုရမည်။ ကျမ်းစာဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့အသက်တာကို တစ်နေ့တစ်ခြားသန့်ရှင်း စင်ကြယ်လာစေလိမ့်မည်။
အမျိုးသမီးများက သူတို့၏ ကြေးဝါမှန်များကို ဘုရာသခင်၏ အိမ်တော် အတွက် ပေးလှူခဲ့ပြီးပြီ။ ကျွန်ုပ်တစ်ဦးစီလည်း
ဘုရားသခင်အတွက် ဘာများပေးလှူခဲ့ပြီး ပြီလဲ။
ဘုရားသခင် ပေးအပ်ထားသော ဆုကျေးဇူးပါရမီနှင့် ကောင်းကြီးမင်္ဂလာများကို ကျွန်ုပ်တို့ ကိုယ်ကျိုးအတွက်သာ
အသုံးချနေပါသလား။
ဘုရားသခင်၏ အမှုတော်မြတ်အတွက် ဆက်ကပ်အပ်နှံလိုပါသလား။
အကယ်၍ ကျွန်ုပ်တို့ပိုင်ဆိုင်သော အရာများကို ဘုရားသခင်အတွက် ဆက်ကပ်အပ်နှံမည် ဆိုလျှင်
ဘုရားသခင်သည် ထိုအရာများကို အသုံးပြုလျှက် သူ၏ဘုန်းတော် ထင်ရှားစေလိမ့်မည်။ သင်ဆက်ကပ်အပ်နှံသော
အရာသည် တန်ဖိုးနည်းပါးလင့်ကစား ဘုရားသခင်သည် အသစ်ဖြစ်စေ လျက် သန့်ရှင်းစေပြီး တန်ဖိုးရှိသော အရာအဖြစ်
အသုံးပြုလိမ့်မည်။Aromahttp://www.blogger.com/profile/14071267064832183434noreply@blogger.com0tag:blogger.com,1999:blog-2328282272547876838.post-8316584192393713242010-10-27T16:59:00.001-07:002010-10-29T20:09:24.810-07:00အခန်း (၄)မီးရှို့.ရာ ယဇ်ပလ္လင်
အခန်း (၄)
ထွ၊ ၃၈း၁-၈
ဣသရေလ လူတစ်ယောက်သည် တဲတော်သို့ တစ်ရွေ့ရွေ့ ချဉ်းကပ်လာနေ၏။ ထိုသူသည် နေမကောင်းဟန်ရှိပြီး
စိတ်မငြိမ်မသက် ဖြစ်နေပုံရသည်။ သူနှင့်အတူ သိုးတစ်ကောင်ပါလာ၏။ ဤ နေရာသို့ ရောက်လာရန် အဘယ်အရာက
သူ့အား တိုက်တွန်းနှိုးဆော် ခဲ့သနည်း။ အပြစ်ကျူးလွန် ခြင်းကြောင့် သူ့သြတ္တပစိတ်သည် ကြည်လင်မှုကင်းမဲ့ကာ
ဘုရားသခင်ကို ကြောက်လျက်ရှိသည်။ ရွှေအိမ်တော်၌ ကျိန်းဝပ်သော သန့်ရှင်းမြင့်မြတ်တော်မူသည့် ဘုရားသခင်ကို
သူသိသည်။
ဘုရားသခင် အထံတော်မှ ဆန့်ကျင်ဘက် ဝေးရာအရပ်သို့ ပြေးသင့်သလော။ မပြေးသင့်ပါ။
ဘုရားသခင်အထံတော်မှ အဘယ်သူမျှ ပြေးမလွတ်နိုင်ပါ။ ရှောင်ပြေးဖို့ မဆိုထားနှင့် သန့်ရှင်းမြင့် မြတ်တော်မူသော
ဘုရားသခင်အကြောင်းကို စဉ်းစားမိလျှင်ပင် ဇောချွေးပြန်လာသည် မဟုတ်ပါ လော။
တဲတော် ၀င်း
ထိုသူသည် ၀င်းထရဲဖြူ၏ မြောက်ဘက်အတိုင်း လျှောက်လာသောအခါ ၀င်းထရံကန့်လန့် ကာ၏
သန့်ရှင်းဖြူစင်မှုက သူ၏သြတ္တပစိတ်ကို လာရောက်ရိုက်ခတ်နေလေ၏။ ထိုမှတဖန် အရှေ့ ဘက်သို့
ဆက်လျှောက်လာသောအခါ ကျယ်ဝန်းသည့် တံခါးပေါက်တစ်ခုကို တွေ့လိုက်ရသဖြင့် ထိုသူသည်
တွေးတောတုံ့ဆိုင်းခြင်းမရှိပဲ အတွင်းသ၀ို့ င်ရောက်သွားလေသည်။ ယခုအခါ ကျယ၀် န်း လှသည့် တဲတောဝ် င်းထဲတွင်
သူရပ်နေပြီ။ သူ့ရှေ့တွင် လှပ၍ အလွန်စိတ်ဝင်စားဖွယ် ကောင်းသော ဘုရားသခင်၏ အိမ်တော်သည် ထီးထီးမားမား
တည်ရှိနေသည်။ နေရောင်ခြည်သည် တဲတော်ဝင်း သဲမြေပေါ်သို့ ဖြာဆင်းလျက်ရှိရာ သူ့စိတ်ထဲ၌ ဘုရားသခင်၏
ဘုန်းတော်ရောင်ခြည်အောက်တွင် ရောက်နေသလို ခံစားရပြီး ဘုရားသခင်သည် သူ့အကြောင်းကို သိတော်မူလျက်
သူ့စိတ်နှလုံးထဲ အထိ ဖေါက်ထွင်းစူးစိုက် ကြည့်ရှုနေသကဲ့သို့ သူခံစားနေရသည်။
ထိုအခိုက် သူ့ထံသို့ ယဇ်ပုရောဟိတ် တစ်ပါး ချဉ်းကပ်လာပြီး မေးလိုက်သည်။
“ခင်ဗျား ဘာ-ဖြစ်လာသလ”ဲ
ထိုသူက “ကျွန် … ကျွန်တော်အပြစ်လုပ်မိတယ်။ အဲဒါ … ဘုရားသခင် အပြစ်ပေးမှာ စိုးလို့” ဟု ထစ်ထစ်ငေါ့ငေါ့
ပြန်ဖြေလိုက်ရာ ယဇ်ပုရောဟိတ်ဖြစ်သူက နှစ်သိမ့်စကား ပြန်ပြောလိုက်လေ သည်။
ဤနေရာသည် မိမိကိုယ်ကို သူတော်ကောင်းဟု ထင်မှတ်နေသူများအတွက် မဟုတ်ဘဲ အပြစ်ခွင့်လွှတ်ခြင်း
ရလိုသည့်အပြစ်သားများအတွက် ဘုရားသခင် ပြင်ဆင်ပေးထားသော နေရာ ဖြစ်သည်။
ယဇ်ပလ္လင်နှင့် ပူဇော်သက္ကာ
“ကဲ … ငါ့နောက်ကို လိုက်ခဲ့” ဟု ယဇ်ပုရောဟိတ် ခေါ်ဆောင်သွားသည့် နောက်သို့ လိုက် သွားရာ
တဲတော်ဝင်းအတွင်းမှ ပထမဆုံး မြင်တွေ့ရသော အလွန်ကြီးမားသည့် ကြေးဝါယဇ်ပလ္လင် အနီးသို့ရောက်လျှင်
နှစ်ယောက်စလုံး ရပ်လိုက်ကြသည်။
“ယဇ်ပလ္လင်”၏ အနက်အဓိပ္ပါယ်မှာ အသက်စတေးရာအရပ်ဖြစ်၍ ထိုနေရာတွင် ကျွန်ုပ်တို့ ခန့်မှန်းတွေးဆ
မရနိုင်လောက်အောင် များပြားလှသော တိရိစ္ဆာန်တို့ကိုသတ်၍ မီးရှို့ပူဇော်ရာ အရပ် ဖြစ်သည်။ ယဇ်ပလ္လင်နှင့်
ပူဇော်သက္ကာသည် လက်ဝါးကပ်တိုင်နှင့် ယေရှုခရစ် အသေခံပေးဆပ်ပြီး စီးစေခဲ့သော ရန်ငြိမ်းခြင်းအမှုတို့ကို
ဆိုလိုကြောင်း သမ္မာကျမ်းအားဖြင့် ကျွန်ုပ်တို့သိရသည်။ ဤ အကြောင်းအရာသည် ဘုရားသခင် အကြံအစည်တော်၏
အဓိကအချက်ဖြစ်ပြီး အပြစ်သားများ ကယ်တင်ခြင်း ခံစားရရှိရန် တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်သည်။
ယဇ်ပလ္လင်နှင့် ခေတ်အဆက်ဆက်က ပူဇော်ခဲ့သော ယဇ်ကောင်များသည် ယေရှုခရစ် ဆောင်ရွက်ပြီးစီးခဲ့သော
ပူဇော်သက္ကာနှင့် ကားတိုင်ထက်တွင် ဆောင်ရွက်ပြီးစီးသော ရွေးနှုတ်ခြင်း အမှုကို ပန်းချီကားတစ်ချပ်သဖွယ်
စိတ်ဝင်စားဖွယ်ရာ ဖော်ကျူးလျက်ရှိသည်။
သို့ဖြစ်၍ ကားတိုင်ပေါ်မှ ရွေးနှုတ်ရှင်သခင် ခရစ်တော်သည်သာ ထာဝရကာလ တလျှောက် လုံး
ကောင်းကင်နှင့်မြေကြီး (၀ါ)ဘုရားသခင်နှင့် လူသားများအကြားတွင် ပေါင်းကူးတံတား ဖြစ်လေသည်။
ဘုရားသခင်၏ အကြံအစည်တော်
ဘုရားသခင်သည် မိမိဖန်ဆင်းထားသော အရာများ၏ ရှေ့ရေးကို ကြိုတင်သိမြင်ထား၏ ထိုမျှမက ဘုရားသခင်
ဖန်ဆင်းထားသော အရာမှန်သမျှကို စာတန်မာရ်နတ်သည် ဖျက်ဆီးလျက် လူသားတစ်ဦးစီ၏ အသက်တာကို
ထာဝရပျက်စီးခြင်းငရဲသို့ သူနှင့်အတူ ခေါ်ဆောင်သွားရန် ကြံစည်လုပ်ဆောင်နေသည်ကိုလည်း သိမြင်တော်မူ၏။
ထို့ကြောင့် ဘုရားသခင်သည် ရှေးမဆွပင် လူကို ကယ်တင်မည့်အကြံအစည်တော် ရေးဆွဲထားခဲ့သည်။
ထိုအကြံအစည်တော်ကိုလည်း ဘုရားသခင် တစ်ပါးတည်းသာ ကြံစည်ရေးဆွဲနိုင်စွမ်း ရှိတော်မူ၏။
ဘုရားသခင်သည် သန့ှ်င်းမြင့်မြတ်သော ဘုရားဖြစ်ခြင်းကြောင့် အပြစ်သားကို အပြစ်မစီရင် ဘဲ အပြစ်စီရင်
ဆုံးမရခြင်းဖြစ်သည် (၁ယော၊ ၁း၅)။
သို့ဖြစ်လျှင် ချစ်ခြင်းမေတ္တာရှင် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာကို မည်သို့ဖော်ပြနိုင်တော့ မည်နည်း (၁ယော၊
၎း၈။ ၁၆)။ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ယေရှုကို ဤ လောကသို့ စေလွှတ်ပြီး လူ့ဇာတိခံယူစေလျက်
အပြစ်သားများကိုယ်စား အသေခံစေခြင်းဖြင့် မိမိ ၏ ချစ်ခြင်းမေတ္တာကို ပေါ်လွင်ထင်ရှားအောင် ဖေါ်ပြခဲ့သည်။
ဓမ္မဟောင်းကျမ်း တစ်လျှောက်လုံးရှိ ယဇ်ပလ္လင်တစ်ခုစီနှင့် ယဇ်အဖြစ် ပူဇော်စတေးခြင်းခံရ သော
သတ္တ၀ါရှိသမျှတို့သည် တစ်နေ့ ဤလောကသို့ ကြွဆင်းလာပြီး ကားတိုင်ထက်တွင် အသေခံ တော်မူမည့် ဘုရားသခင်၏
တစ်ပါးတည်းသော သားတော် ယေရှုခရစ်ကို ပုံဆောင်ရည်ညွှန်းလျက် ရှိသည်။
ကိုယ်စားပြု အသေခံသော နေရာ
တဲတော်ဝင်းထဲသို့ သိုးသူငယ်တစ်ကောင် ယူဆောင်လာခဲ့သော လူတစ်ယောက်အား ယဇ်ပုရောဟိတ်က
ဤသို့ပြောလိုက်သည်။
“ခင်ဗျား ယဇ်ပူဇော်ဖို့ သိုးတစ်ကောင် ယူလာတာကို ကျွန်တော်သတိထားမိတယ်”
ယဇ်ကောင်ယူလာသူက “ဟုတ်ပါတယ်၊ ဒီသိုးဟာ တကယ်ပဲ အသေခံရမှာလား” ဟု ပြန်မေးလိုက်သည်။
“တကယ် အသေခံရမှာပေါ့။ အသွေး မသွန်းလောင်းရင် ဘယ်လိုမှ အပြစ်မလွတ်နိုင်ဘူး” (ဟေဗြဲ ၉း၂၂)
“ဒါပေမယ့် ဒီသိုးမှာ ဘာအပြစ်မှ မရှိဘူးလေ။ ကျွန်တော့်ကလေးတွေဆိုရင်လဲ ဒီသိုးကလေး ကို
သိပ်ချစ်ကြတာပဲ။ နောက်ပြီး ဒီသိုးလေးဟာ ဘာအပြစ်တစ်ခုမှ မကျူးလွန်ခဲ့ဘူး”
“အေး … အဲဒီအချက်ဟာ အဓိကအချက်ပဲ။ ဘာကြောင့်လဲဆိုရင် အပြစ်ရှိတဲ့လူဟာ အပြစ်ရှိတဲ့
အခြားလူတစ်ယောက်နေရာမှာ ဘယ်လိုမှ ကိုယ်စားအပြစ်ဒဏ် ၀င်ခံပေးလို့ မရဘူး။ ခင်ဗျားလဲ ခင်ဗျားရဲ့အပြစ်ကြောင့်
အပြစ်ဒဏ်ခံရမယ်။ ကဲ … ခင်ဗျားအသေခံရမယ်။ ဒါမှမဟုတ် ခင်ဗျားကိုယ်စား အပြစ်ကင်းတဲ့သူတစ်ယောက်ကို
အစားထိုးရမယ်”
“ကျွန် … ကျွန် … ကျွန်တော် မသေပါရစေနဲ့”
“ဒီလိုဆိုရင် သိုးကလေးရဲ့ခေါင်းပေါ်မှာ ခင်ဗျားရဲ့လက်ကို တင်လိုက်ပါ။ ဒီလိုလုပ်တာဟာ သိုး ကလေးမှာ
အပြစ်မရှိဘဲ ခင်ဗျားမှာသာ အပြစ်ရှိလို့ သေထိုက်တယ်ဆိုပြီး ၀န်ခံတာနဲ့ အတူတူပဲ။ ဘုရားသခင်ရဲ့အမြင်မှာ ခင်ဗျား
ယဇ်ပူဇော်မယ့် သိုးကလေးဟာ ခင်ဗျားနဲ့တစ်ခုတည်း တစ်လုံးတစ် ကိုယ်တည်းဖြစ်သွားပြီးလို့ မြင်တယ်။
ခင်ဗျားရဲ့အပြစ်တွေဟာ သိုးကလေးအပေါ် ရောက်သွားပြီ။ အခု ခင်ဗျားကိုယ်စား သိုးကလေးက အသေခံသွားပြီး
သိုးကလေး အသေခံသွားတဲ့အချိန်မှာ အပြစ်စီရင်ခြင်းကနေ ခင်ဗျားလွတ်သွားပြီ။ ခင်ဗျားမှာ အပြစ်ကင်းစင်သွားပြီလို့
ဘုရားသခင် ပြော တယ်။
ယဇ်ပူဇော်ခြင်းနှင့်ပတ်သက်၍ ယဇ်ပူရောဟိတ်ဖြစ်သူက အကျယ်တ၀င့် ရှင်းလင်းပြောပြပြီး နောက်
ယဇ်ပူဇော်ရန်လာသော ဣသရေလလူသည် သိုးသူငယ်၏ဦးခေါင်းပေါ်သို့ လက်ကိုညင် သာစွာ တင်လိုက်၏။
ထို့နောက် ဓားကိုမြှောက်လျှက် သိုးလေးပေါ်သို့ စိုက်ချလိုက်လေသည်။
သိုးသူငယ်၏အသွေးသည် သဲပြင်ပေါ်သို့ ယိုစီးသွားလေပြီ။ အလွန်ကြောက်မက်ဖွယ်ရာ မြင် ကွင်းပါတကား။
ဣသရေလလူသည် အထက်မိုးကောင်းကင်သို့ ခေတ္တခဏ မော့ကြည့်လိုက်သည်။ ထိုခဏ ချင်းတွင်
သူ့ပုခုံးထက်မှ အလွန်လေးလံသော ၀န်ထုပ်ကြီးတစ်ခု ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက် ရပြီးနောက်
သက်ပြင်းချလိုက်မိသည်။ “အင်း ငါ့နေရာမှာ အပြစ်မဲ့တဲ့ သိုးကလေး အသေခံသွားရှာ ပါလား” အပြစ်သားရှိသမျှသည်
ဤနည်းအတိုင်း အပြစ်ဖြေမှသာ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံစားရမည်။
“အို … အဖ ဘုရားသခင်၊ ကိုယ်တော်ရှင်၏ ကျေးဇူးသည် ကြီးမားလှပါ၏”။
သင် ဘယ်လို သဘောရပါသလဲ။
စာဖတ်သူ ချစ်မိတ်ဆွေ - သင့်ကို မေးပါရစေ။
အထက်ပါလုပ်ဆောင်ချက်ကို သင်ခေတ္တ စဉ်းစားဆင်ခြင်ကြည့်ပါ။ ခရစ်တော် အသေခံရာ
ကားတိုင်သို့ချဉ်းကပ်ပြီး ကိုယ်တော်ရှင်၏ ကယ်တင်ခြင်း အရိပ်အောက်တွင် ခိုလှုံချင်သော စိတ်ဆန္ဒ သင်၌ရှိပါသလား။
ခရစ်တော် တစ်ပါးတည်းသာ သန့်ရှင်းမြင့်မြတ်၍ အပြစ်ကင်းစင်တော် မူသော အရှုင်ဖြစ်ခြင်းကြောင့် အပြစ်သားများ
ကိုယ်စား အသေခံ ပေးဆပ်နိုင်စွမ်း ရှိသည်။
ကိုယ်တော်သည် စာဖွဲ့ရေးသား၍ မမီနိုင်သော ဒုက္ခဝေဒနာကို ခံစားလျက် အသေခံတော်မူ ခဲ့၏။ ထိုသို့
ဝေဒနာခံစား၍ အသေခံတော်မူခြင်းအားဖြင့် မည်သူအကျိုးကျေးဇူး ခံစားရသနည်း ဟု သင် မေးကောင်းမေးလိုလိမ့်မည်။
ခရစ်တော် အသေခံခြင်းဖြင့် လူသားတိုင်း အကျိုးကျေးဇူး ခံစားရ၉သည် မဟုတ်ပါ။
ထောင်ပေါင်းများစွာသော သူတို့သည် ကယ်တင်ပိုင်ရှင်ကို အလေးအနက်ထား၍ မရှာကြ သည့်အပြင်
မိမိတို့အတွက် အသက်စွန့်တော်မူသော အရှင်ထံ ခိုလှုံချဉ်းကပ်ခြင်း မပြုဘဲ အပြစ် ဒုစရိုက်ထဲ၌
သောက်စားပျော်မွေ့နေခြင်း (သို့မဟုတ်) ဂုဏ်အသရေ ထင်ရှားကျော်ဇောမှုများ၌ ယစ်မူးလျက် အချိန်ကုန်နေကြသည်။
ထိုသူတို့သည် အသက်သေဆုံး၍ ထာဝရပျက်စီးခြင်းငရဲသို့ ရောက်သည့်တိုင်အောင် မိမိတို့၏ နောင်တမလွန်ဘဝ
အသက်ဝိညာဉ်ကို လစ်လျူရှုထားကြသည်။
လူအချို့ကလည်း ကားတိုင်ကိုမျှော်ကြည့်လျက် အရှင်ယေရှုအကြောင်းကို စိတ်ပါဝင်စားစွာ
လေ့လာကြသော်လည်း ထိုဣသရေလ လူကဲ့သို့ နောင်တဖြင့် ဘုရားသခင် အထံတော်သို့တစ်ခါမျှ အားကိုးချဉ်းကပ်ခဲ့ခြင်း
မရှိကြပေ။
ဘုရားသခင်၏ သိုးသူငယ် ယေရှုအပေါ်သို့ မိမိ၏အပြစ်ဝန်ထုတ်ကို တင်သောသူတိုင်း အတွက် ယေရှုခရစ်
အသေခံခဲ့ခြင်းဖြစ်သည်။ သင်လည်း ယခုပင် ထို ဣသရေလ လူနည်းတူ ပြုခွင့်ရှိပါသည်။ ကားတိုင်ပေါ်တွင်
ဆွဲမြှောက်ခြင်းခံရသော ကယ်တင်ရှင် ယေရှုခရစ်ကို သင်မျှော် ကြည့်လျက် အောက်ပါအတိုင်း ဆုတောင်းနိုင်သည်။
အရှင် ယေရှုဘုရား -
“အကျွန်ုပ်သည် အပြစ်ရှိသောသူ ဖြစ်ခြင်းကြောင့် ကားတိုင်ပေါ်တွင် အသေသတ်ခြင်း ခံထိုက်သော်လည်း
ကိုယ်တော်ရှင်သည် အကျွန်ုပ်ကိုယ်စား အသေခံခဲ့ပြီးကြောင်း ယုံကြည်ပါ၏။ အဖဘုရားသခင် ကိုယ်တော်ရှင်၏
အကြံအစည်တော်အတိုင်း ကိုယ်တော်ရှင်၏ သားတော် အရှင်ယေရှုသည် ကားတိုင်ထက်တွင် အကျွန်ုပ်၏ အပြစ်ကြွေး
ပေးဆပ်ဖြေရှင်းပြီးစီးခဲ့သော ရွေးနှုတ်ခြင်း အမှုကို ယုံကြည်ကိုးစားပါ၏။ ကိုယ်တော်ရှင်၌ ခိုလှုံရသောကြောင့်
ကျေးဇူးတော် ကြီးလှပါ၏။ အာမင်း။
အထက်ပါအတိုင်း ယုံကြည်အားကိုးမှု အပြည့်ဖြင့် ဆုတောင်းလျှင် ယေရှုခရစ်၏ အသွေး တော်ဖြင့်
သင့်အပြစ်ရှိသမျှကို ဘုရားသခင် ဆေးကြောခွင့်လွှတ်ခြင်းကို သင်ခံစားရမည်။ အပြစ် စီရင်ခြင်းမှ
သင်လွတ်မြောက်သွားပြီ။ ထာဝရလွတ်မြောက်ခဲ့ပြီ။ ထို့ကြောင့် နောက်တစ်ဖန် အပြစ် စီရင်ခြင်းဒဏ်
ခံရတော့မည်မဟုတ်၍ အောက်ပါအတိုင်း ၀မ်းမြောက်စွာ ချီးမွမ်းနိုင်ပေသည်။
ကားတိုင်တွင် ပေးဆပ်သော ကျေးဇူးအတွက် ယေရှုကို အကျွန်ုပ် အစဉ်ဆင်ခြင် ချီးမွမ်းပါ မည်။
ပညတ်တရားသည် အကျွန်ုပ်ကို ဘယ်သောအခါမှ တရားမစီရင်နိုင်တော့ပါ။ ခရစ်တော် သည် ကျွန်ုပ်ကိုယ်စား
ကျိန်ခြင်းခံခဲ့ပြီ။ ကရာနီကုန်း၌ အကျွန်ုပ်ကိုယ်စား ယေရှုခရစ် အသေခံ တော်မူပြီး၍ အကျွန်ုပ်သည် အပြစ်တရားနှင့်
သေခြင်းတရားနှစ်ခုစလုံးအောက်မှ ယခု လွှတ်မြောက်ခဲ့ပြီ။ ယေရှုခရစ်သည် အသက်စွန့်၍ အကျွန်ုပ်ကို
ရွေးနှုတ်ဝယ်ယူခဲ့လေပြီ။
ယဇ်ပလ္လင်၏ အတိုင်းအတာ
ယဇ်ပလ္လင်ပေါ်သို့ သိုးငယ်ကို တင်လိုက်မှ ဣသရေလ လူသည် ယဇ်ပလ္လင်ကို ဂရုစိုက်ကြည့် မိပြီး ယဇ်ပလ္လင်မှာ
အတော်အတန် ကြီးမားကြောင်း သတိပြုမိလေသည်။ ယဇ်ပလ္လင်သည် အလျား (၅)တောင်၊ အနံ(၅)တောင်ရှိ၍
ခပ်စောက်စောက်ပုံသဏ္ဌာန်ရှိသည်။ နံပါတ်(၅)ဂဏာန်းသည် တာဝန်ဝတ္တရားနှင့် သက်ဆိုင်သော ဂဏာန်းဖြစ်ကြောင်း
သမ္မာကျမ်း၌ တွေ့ရသည်။ ဘုရားသခင် နှင့်စပ်ဆိုင်၍ လူဘက်မှလိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရားများကို
ပညတ်တော် (၅)ပါး သတ်မှတ်ထားရှိသကဲ့သို့ လူလူချင်း လိုက်နာကျင့်သုံးရမည့် တာဝန်ဝတ္တရားများကိုလည်း ပညတ်
တော်(၅)ပါး သတ်မှတ်ထားလေသည်။ (ထွ၊ ၂၀)။
ကျွန်ုပ်တို့၏ ခြေနှင့်လက် တစ်ဖက်စီတွင် ခြေချောင်း၊ လက်ချောင်း(၅)ချောင်းစီ ရှိကြသည်။
ကျွန်ုပ်တို့၏လက်များဖြင့် ဘယ်အရာကို လုပ်ဆောင်နေကြသလဲ။ ကောင်းသောအရာများကို လုပ် ဆောင်နေပါသလား။
ပြန်လည်ဆန်းစစ်ကြည့်ရန် အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ တစ်ဦးစီ ပြုမူလုပ်ဆောင်သမျှ
အရာအားလုံးကို ဘုရားသခင်ရှေ့တော်၌ တစ်နေ့ပြန်လည် ရှင်းလင်းတင်ပြရလိမ့်မည်။
အလားတူ ကျွန်ုပ်တို့၏ ခြေချောင်း(၅)ချောင်းများ ဘယ်နေရာသို့ သွားတတ်ကြပါသလဲ။
ဘုရားသခင်အလိုတော်ရှိသည့်နေရာသို့သာ သွားပါသလား။ ဆက်လက် မေးကြည့်ကြစို့။
ကျွန်ုပ်တို့၏ အာရုံငါးပါးကို ဘုရားသခင်၏ အမှုတော်ဆောင်ရာ၌ အသုံးပြုပါသလား။ ကျွန်ုပ် တို့၏ ခြေ လက်
အင်္ဂါကို မဆိုထားနှင့်။ အတွေးအခေါ် တစ်ခုတည်းကပင် ပညတ်တရားရှိသမျှကို ချိုးဖေါက်နေသည့် မဟုတ်ပါလော။
တကယ်တမ်းပြောရလျှင် အဘယ်လူသားတစ်ဦးမျှ ဘုရားသခင် သတ်မှတ်ထားသော စံနှုန်းမီအောင်
အသက်မရှင်နိုင်ကြပါ။
ထို့ကြောင့် ကျွန်ုပ်တို့၏ အသက်ရှင်မှု တစ်ခုစီနှင့်ပတ်သက်၍ ဘုရားသခင်ထံ ပြန်လည်တင် ပြရသော
တရားစီရင်ရာနေ့တွင် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်။ ဤသမ္မာတရားကို ၀န်ခံ သူတိုင်းသည် ယခုအချိန်မီ
ဘုရားသခင်၏ ယဇ်ပလ္လင်(၀ါ) ကားတိုင်သို့ ချဉ်းကပ်အားကိုးကြရမည်။ ယေရှုခရစ်သည် ဤလောက၌
လူသားတစ်ဦးအဖြစ် အသက်ရှင်ခဲ့စဉ်က ပညတ်တော်အားလုံးကို ကျင့်ဆောင်ပြည့်စုံသော လူသားအဖြစ်
အသက်ရှင်ခဲ့သည်။ ယေရှုခရစ် ကားစင်တင်သတ်ခြင်း ခံရ သည့်အကြောင်းကို ပြန်ဆန်းစစ်ကြည့်သော် ကိုယ်တော်ရှင်
တစ်ပါးတည်းသာ သန့်ရှင်းစုံလင် သော ပူဇော်သက္ကာအဖြစ် ဘုရားသခင်ထံ ဆက်သနိုင်၍ ကျွန်ုပ်တို့အား ရွေးနှုတ်ခြင်းနှင့်
ရန်ငြိမ်း ခြင်းအမှုကို ဆောင်ရွက်ပေးနိုင်သည့် အရည်အချင်းရှိသည်။
ယဇ်ပလ္လင်၌ အနားလေးဘက်ရှိသည်။ နံပါတ်(၄) ဂဏာန်းသည် ကမ္ဘာတစ်ဝန်းလုံးနှင့် စပ် ဆိုင်သော
ဂဏာန်းဖြစ်သည်။ ထိုသို့ဆိုရခြင်းမှာ ကမ္ဘာပေါ်၌ ရာသီဥတု လေးမျိုးရှိသကဲ့သို့ အရပ် လေးမျက်နှာရှိသည်။ (ယေဇ၊ ၂၉း၉)
(ဟေရှာ၊ ၁၁း၁၂)။ ရာသီဥတု(၄)မျိုးနှင့် အရပ်(၄)မျက်နှာဟူသည်မှာ တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်လျက်ရှိသည်။
တဲတော်ဝင်းတံခါးကို အရောင်(၄)မျိုးဖြင့် ယက်လုပ် ထားခြင်းနှင့် လောကီသားအပေါင်းတို့အတွက် ကြွလာခဲ့သော
အရှင်ယေရှုအကြောင်းကို ရေးသား တင်ဆက်ထားသည့် ခရစ်ဝင်ကျမ်း(၄)ကျမ်းတို့၏ အဓိကဆိုလိုရင်းမှာ
ကမ္ဘာသူကမ္ဘာသားအားလုံး နှင့် ပတ်သက်ရည်ညွှန်းလျက်ရှိသည်။
“ကိုယ်တော်သည် လူအပေါင်းတို့ကို ရွေးအံ့သောငှာ ကိုယ့်ကိုစွန့်တော်မူပြီ (၁ တိ၊ ၂း၆)” ဟူသော
ကျမ်းစကားသည် ကမ္ဘာပေါ်ရှိ လူသားအားလုံးနှင့် သက်ဆိုင်နေသဖြင့် ကယ်တင်ခြင်း ခံစားလိုသူတိုင်း
ကယ်တင်ခြင်းခံစားနိုင်ခွင့်ရှိလေပြီ။
စာဖတ်သူ ချစ်မိတ်ဆွေ
အပြစ်ဝန်ထုပ်ပိနေခြင်းမှ လွတ်မြောက်လိုပါသလား။`
အသွေးတော်၌ လွတ်မြောက်စေနိုင်သော တန်ခိုးရှိပါသည်။
စာတန်မာရ်နတ်၏ တိုက်ခိုက်ခြင်းကို အောင်မြင်လိုပါသလား။
အသွေးတော်၌ အံ့သြဖွယ် တန်ခိုးရှိပါသည်။
မိုးပွင့်ထက်သာ၍ ဖြူစင်လိုပါသလား။
အသွေးတော်၌ ဖြူစင်စေနိုင်သော တန်ခိုးရှိပါသည်။
ကရာနီတောင်ကုန်းသို့ လာရောက်၍ အပြစ်ဆေးကြောခြင်း ခံလိုပါသလား။
အသွေးတော်၌ အံ့သြဖွယ် တန်ခိုးရှိပါသည်။
ယဇ်ပလ္လင်၏အမြင့်မှာ (၃)တောင်ရှိသည်။ ထာဝရဘုရားသခင်သည် ခမည်းတော်သားတော် နှင့်
သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော ပုဂ္ဂိုလ်(၃)ပါး ဖြစ်ကြောင်း ကျွန်ုပ်တို့သိခဲ့ပြီးဖြစ် သည်။ ယဇ်ပလ္လင်၌
ရန်ငြိမ်းခြင်းအမှု ပြီးမြောက်စေရာတွင် ဤပုဂ္ဂိုလ်(၃)ပါးလုံး ပါဝင်လုပ်ဆောင် ကြသလောဟုမေးလျှင် (၃)ပါးလုံး
ပါဝင်လုပ်ဆောင်ကြသည်ဟု ဖြေရမည်။
ဤစကားသည် သစ္စာစကားဖြစ်၏။ လူကိုကယ်တင်သောအမှု၌ ထာဝရဘုရားသခင်ဖြစ် တော်မူသော
ပုဂ္ဂိုလ်(၃)ပါးလုံး အကြွင်းမဲ့ပါဝင်ပတ်သက်လျှက် ရှိသည်။
ခမည်းတော်ဘုရားသည် အပြစ်သားများကို ကယ်တင်ရန် သားတော်အား ဤလောကသို့ စေလွှတ်တော်မူ၏
(၁ယော၊ ၄း၁၄)။ သားတော်သည် ကျွန်ုပ်တို့ကိုယ်စား အသေခံလျက်အပြစ်ကြွေး ပေးဆပ်တော်မူ၏ (ဂလ၊ ၂း၂၀)။
သားတော်သည် ထာဝရ၀ိညာဉ်တော်အားဖြင့် ဘုရားသခင်ရှေ့၌ မိမိ ကိုယ်ကို တင်လှူပူဇော်တော်မူ၏ (ဟေဗြဲ ၉း၁၄)။
နောက်ဆုံးကျမ်းပိုဒ်တွင် သားတော်ယေရှုခရစ်သည် ပကတိအပြစ်ကင်းစင်သော မိမိကိုယ်ခန္ဓာကို
ခမည်းတော်ဘုရားထံသို့ ထာဝရ၀ိညာဉ်တော်အားဖြင့် ဆက်ကပ်ပူဇော်ခဲ့ သည်ဟု ဖော်ပြထားသဖြင့်
လူကိုကယ်တင်သောအမှု၌ ပုဂ္ဂိုလ်(၃)ပါးလုံး အစုံအလင်ပါဝင်လျက်ရှိ ကြောင်း ထင်ရှားစွာ တွေ့မြင်ရ၏။
ယဇ်ပလ္လင် တည်ဆောက်ပုံ
သစ်သား
ယဇ်ပလ္လင်ကို အကာရှသစ်သားဖြင့် တည်ဆောက်ထား၏။ ဤအကြောင်းအရာသည် လေး နက်သော
အဓိပ္ပါယ်တစ်ရပ်ကို ဖော်ဆောင်နေ၏။ အကာရှပင်သည် နန်းလုံးကြိုင်နှင့် အလား သဏ္ဍာန်တူ၍
သဲကန္တာရထဲတွင်ပေါက်သော ရှားထနောင်းပင်တစ်မျိုးဖြစ်သည်။ မြေပေါ်တွင် ပေါက် ဖွားကြီးရင့်လာသော
အကာရှပင်သည် အရှင်ယေရှု၏ အပြစ်ကင်းစင်သည့် လူ့ဇာတိကို သရုပ် ဆောင်၏။ အဘယ့်ကြောင့်ဆိုသော်
အရှင်ယေရှုသည် “အညွန့်ကဲ့သို့လည်းကောင်း သွေ့ခြောက် သောမြေ၌ ပေါက်သောအတက်ကဲ့သို့လည်းကောင်း၊
ဘုရားသခင်ရှေ့တော်၌ ကြီးပွား၏” (ဟေရှာ၊ ၅၃း၂။ ၁၁း၁) ဟု သမ္မာကျမ်း၌ ဖော်ပြထားသည်။ ၄င်းပြင် အရှင်ယေရှုအား
လူမိန်းမမှ ဖွားမြင့်လာသူ ဖြစ်ကြောင်း (ဂလ ၄း၎)၌ ဖတ်ရှုရပြီး (ဟေရှာ ၄း၂)တွင်မူ “မြေ၏ အသီးအနှံ”ဟု
ခေါ်ဆိုထားလေသည်။
ဘုရားသခင်၏ သားတော်ယေရှုခရစ်သည် မှန်သောဘုရားသခင်ဖြစ်သကဲ့သို့ ထာဝရ အသက်လည်းဖြစ်သည်။
(၁ယော ၅း၂၀)။ ဤအချက်ကို ကျွန်ုပ်တို့စိတ်နှလုံးထဲ၌ အစဉ်နှလုံးသွင်း ထားရပေမည်။ ကိုယ်တော်ရှင်သည် မနေ့၊ ယနေ့၊
နောင်ကာလ မပြောင်းလဲသောဘုရား၊ ထာဝရ ကာလတိုင်အောင် တည်တံ့နေမည့် ဘုရားဖြစ်ကြောင်း နှုတ်ကပတ်တော်၌
ဖွင့်ပြထားသည်။
သို့ဖြစ်ပါလျက် အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင်ဘုရားသခင်သည် အဘယ်အကြောင်းကြောင့် မိမိကိုယ်ကို
နှိမ့်ချလျက် ဤလောကသို့ ကြွဆင်းလာခဲ့ရသနည်း။
အကြောင်းရင်းမှာ လူသားများ၏အပြစ်ကို ဖြေလွှတ်နိုင်ရန် ကိုယ်တော်တိုင် ဝေဒနာခံ၍ ကိုယ်စား
အသေခံတော်မူမည့် အကြောင်းတည်း (ဟေဗြဲ ၂း၁၇)။
ကိုယ်တော်ရှင်သည် ဘုရားစင်စစ်ဖြစ်လျက်နှင့် သေဆုံးနိုင်သလော။
မသေဆုံး နိုင်ပါ။
လုံးဝ မသေဆုံးနိုင်ပါ။
ကျွန်ုပ်တို့ အပြစ်သားများ ကိုယ်စား ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံယူဖို့ လူ့ဇာတိသေ နိုင်သော
လူ့ခန္ဓာခံယူရန် လိုအပ်သည်။ ထို့ကြောင့် ကိုယ်တော်ရှင်သည် ကျွန်ုပ်တို့နည်းတူ အသွေး အသားဖြင့် ဖွဲ့စည်းထားသော
လူ့ဇာတိခံယူခဲ့ရသည်။ ထူးခြားချက်တစ်ခုမှာ ကိုယ်တော်သည် မိမိ ညီအစ်ကို (အပြစ်သား ကျွန်ုပ်တို့လူသား)များနှင့်
အစစအရာရာ၌ တူညီမှုရှိသော်လည်း အပြစ် တစ်ခုကိုမျှ ကျူးလွန်ခြင်းမရှိခဲ့ပေ။ အပြစ်ပကတိ ကင်းစင်သော
လူသားဖြစ်သည်။ ထို့ကြောင့် လူ(အပြစ်သား)အပေါင်းတို့၏ အပြစ်ဖြေလွှတ်ခြင်းအမှုကို ကိုယ်တိုင်အစားထိုး
ဖြေရှင်းနိုင်ခြင်း ဖြစ် သည်။
အချုပ်ဆိုရသော် ယဇ်ပလ္လင်မှ အကာရှသစ်သားသည် လက်ဝါးကပ်တိုင်ထက်တွင် အသေခံ တော်မူသော
ယေရှုခရစ်၏ လူ့ဇာတိကို အဓိကရည်ညွှန်းပြောကြားနေခြင်းဖြစ်သည်။ (၂ကော။ ၁၃း၎)။
ကြေးဝါ
သစ်သားဖြင့် တည်ဆောက်ထားသော ယဇ်ပလ္လင်ကို ကြေးဝါဖြင့် ထပ်မံဖုံးအုပ်ထားသဖြင့် ယဇ်ပလ္လင်သည်
နေရောင်အောက်တွင် တဖိတ်ဖိတ် တလက်လက် တောက်ပလျှက်ရှိသည်။ သစ် သားကို ကြေးဝါဖြင့်
ဖုံးအုပ်ထားခြင်းကြောင့် ယဇ်ပူဇော်သောအခါတွင် သစ်သားကို မီးမလောင်နိုင် ချေ။ ကြေးဝါသည် အစွမ်းတန်ခိုး
(Power)ကို ပုံဆောင်၏ (ယောဘ ၄၀း၁၈)။
“အစွမ်းတန်ခိုး”ဟုဆိုရာ၌ ဘုရားသခင်၏ အမျက်တော်မီးတည်းဟူသော တရားစီရင်ခြင်း ဒဏ်
ခံနိုင်သည့်စွမ်းရည်ကို ဆိုလိုခြင်းဖြစ်သည်။ ဤအချက်ကို (တော ၁၆) ရှိ ပုန်ကန်မှုကြီးက သက် သေထူနေ၏။
ဘုရားသခင် အထံတော်သို့ အလိုနှင့်မညီသော နည်းလမ်းဖြင့် နံ့သာပေါင်း မီးရှို့ ပူဇော်ကြသော ပုန်ကန်သူ (၂၅၀)အား
ဘုရားသခင်၏ အမျက်တော်မီး (ငယ် ၃၅-၃၉) ကျလောင်ကျွမ်း သည့်အခါ ထိုသူတို့၏လက်တွင် ကိုင်ဆောင်ထားသော
ကြေးဝါလင်ပန်းများ မီးဒဏ်သင့်ခဲ့သော် လည်း ပျက်စီးလောင်ကျွမ်းသွားခြင်း မရှိချေ။
မီးဒဏ်ကြောင့် လူပေါင်း(၂၅)လုံး သေဆုံးသွားသော်လည်း ကြေးဝါလင်ပန်းများတွင်မူ ခြစ် ရာ ပွန်းရာ တစ်ခုမျှပင်
မထင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ကြေးဝါလင်ပန်း၌ ဘုရားသခင်၏ အမျက်တော် မီးဒဏ်ကို ခံနိုင်သောစွမ်းရည်
ရှိခြင်းကြောင့် မပျက်စီးဘဲ ဆက်လက်တည်မြဲနေရ ခြင်းဖြစ်သည်။ ယဇ်ပလ္လင်ကို တည်ဆောက်ရာတွင်
အဆိုပါကြေးဝါလင်ပန်းဖြင့် ဖုံးအုပ်မွမ်းမံ တည် ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဘုရားသခင်၏ ကြောက်မက်ဖွယ် တရားစီရင်ခြင်းအောက်တွင် အဘယ်သူခံရပ်နိုင်သနည်း။
သန့်ရှင်းမြင့်မြတ်၍ ဖြောင့်မတ်တော်မူသော သားတော် အရှင်ယေရှုမှတစ်ပါး အဘယ် လူသား
အဘယ်ကောင်းကင်တမန်မျှ တရားစီရင်ခြင်းကို မခံရပ်နိုင်ပါ။
ကိုယ်တော်ရှင်သည် အတုမဲ့လူသား ဖြစ်သကဲ့သို့ အံ့ဖွယ်ကယ်တင်ရှင်လည်းဖြစ်ပါတကား။ ဘုရား၏
တရားစီရင်ခြင်းဒဏ် (အမျက်တော်မီး)ကို ခံနိုင်စွမ်းရှိသည့် ကြေးဝါနှင့်အလားသဏ္ဍာန်တူ သော
ဘုရားလည်းဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာ ခမည်းတော်ဘုရား နှစ်သက်သော ယဇ်ကို ပူဇော်ဆက်သနိုင်၏။
နှစ်ပေါင်းလေးထောင်ကြာ လူသားတို့မျှော်လင့် စောင့်စားခဲ့ကြသော ရွေးနှုတ်ကယ်တင်ခြင်းအမှုကို အရှင်ယေရှုသာလျှင်
ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်စွမ်းရှိသည့် တစ်ပါးတည်းသော ဘုရားသခင်ပေတည်း။
အပါယ်ငရဲ၌ လမ်းဆုံးရမည့် အပြစ်သားများကို ကိုယ်တော်သည် ဘုရားသခင် အထံတော် သို့
ပြန်လည်ပို့ဆောင်ပေးခဲ့ရုံသာမက အပြစ်သားများကို သန့်ရှင်းစင်ကြယ်စေပြီး နဂိုဖန်ဆင်းစ အခြေအနေသို့
ပြန်လည်ရောက်ရှိစေခဲ့သည်။
ကြေးဝါဖြင့် လေလုံအောင် မွမ်းမံဖုံးအုပ်ထားသော သစ်သားတံခါးတစ်ချပ်သည် မီးဒဏ်ကို အပြည့်အဝ
ခံနိုင်စွမ်းရှိကြောင်း လွန်ခဲ့သည့် နှစ်အနည်းငယ်က သိပ္ပံပညာရှင်များ စမ်းသပ်ပြသခဲ့ ကြသည်။ အဆိုပါစမ်းသပ်မှုကို
လန်ဒန်မြို့ မီးသတ်ဌာနက သေချာစွာ စစ်ဆေးပြီးနောက် မှန်ကန် ကြောင်း အတည်ပြု ထောက်ခံခဲ့သည်။
မီးဒဏ်အမျိုးမျိုးကို ကြေးဝါတံခါး ခံနိုင်စွမ်းရည်ရှိကြောင်းကို ထောက်လျှင် သမ္မာကျမ်းသည် သိပံ္ပပညာထက်
ခေတ်ရှေ့ပြေးရုံမက တိကျမှန်ကန်မှုရှိကြောင်း သက်သေထင်ရှား ပြနေသည်။
ဇကာ၊ မီးတောက်မီးလျှံနှင့် ယဇ်ပလ္လင် ဦးချို
ယဇ်ပလ္လင်ထက်မှ မီးတောက်မီးလျှံသည် တရှဲရှဲအော်မြည်ကာ အရှိန်ပြင်းစွာ လောင်ကျွမ်း နေ၏။
ယဇ်ပလ္လင်၏အတွင်းဘက် အလယ်တွင် ဇကာတစ်ချပ်ကို တပ်ဆင်ထားပြီး ဇကာပေါ်တွင် ထင်းများကို
တင်ထားလေသည်။ ထာဝရဘုရားထံတော်မှ မီးထွက်၍ ယဇ်ပလ္လင်ပေါ်ရှိ ယဇ်ကောင် ကို လောင်ကျွမ်းလေသည်။ (၀တ်
၉း၂၄)။
ယဇ်ပုရောဟိတ်ကြီးက မီးလျှံတငြီးငြီး တောက်လောင်နေသော မီးပုံထဲသို့ သိုးလေးကို
ထည့်သွင်းပူဇော်လိုက်သောအခါတွင် ဣသရေလ လူသည် ထပ်မံ၍ ထိတ်လန့်တုန်လှုပ်သွား၏။
အလွန်ကြောက်မက်ဖွယ်ရာ မီးတောက်ပါတကား။
ဟုတ်ပေသည်။ ကျွန်ုပ်တို့ ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏။ (ဟေဗြဲ ၁၂း၂၉)။
ဣသရေလလူသည် မီးတောက်မီးလျှံအတွင်းမှ သိုးလေးကိုကြည့်လျှက် “သြော်”အပြစ်ကင်း တဲ့သိုးလေးတော့
ငါ့ကိုယ်စား အသေခံပြီး မီးလောင်သွားရှာပါလား။ တကယ်တော့ ငရဲမှာ ငါ လောင်ကျွမ်းခံရမှာ ပါလားဟု တွေးမိပြီး ပြင်းစွာ
စိတ်ထိခိုက်သွားလေသည်။
အလားတူ ကျွန်ုပ်တို့အပြစ်သား ရှိသမျှသည် သေဒဏ်ခံထိုက်သော သူများဖြစ်ကြသော် လည်း
အပြစ်ကင်းစင်သည့် သိုးသငယ် ယေရှုခရစ်သည် ကျွန်ုပ်တို့ ကိုယ်စား ဘုရားသခင်၏ အမျက်တော် မီးဒဏ်ကို
ခံခဲ့ရလေသည်။ ဤအမှုကို တွေးဆကြည့်လျှင် အဘယ်မျှ ရင်နင့်ဖွယ် ကောင်းလှသနည်း။
ယေရှုခရစ်သည် ကျွန်ုပ်တို့ကိုယ်စား အပြစ်သားအဖြစ် ခံယူလျက် ဘုရားသခင်၏ သေဒဏ် စီရင်ခြင်းခံခဲ့သဖြင့်
ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူအဖြစ် အသိအမှတ် ပြုခြင်း ခံရလေပြီ (၂ကော၊ ၅း၂၁)။
ကိုယ်တော်သည် ကြောက်မက်ဖွယ်ရာ အမှောင်ထုကြီးအတွင်း (၃)နာရီတိုင်တိုင် ဘုရား သခင်၏
စွန့်ပစ်ခြင်းခံခဲ့ရရှာသည်။ (မ၊ ၂၇း၄၆)။ ဤအကြောင်းအရာကို ဆင်ခြင်ရန်၊ ကျေးဇူးတော် ချီးမွမ်းရန်နှင့် ငြိမ်ဝပ်စွာ
ကိုးကွယ်ဝတ်ပြုရန် အသင့်တော်ဆုံးနေရာမှာ ကားတိုင်ခြေရင်းမှ တစ်ပါး အခြားနေရာ မရှိတော့ချေ။
ဤမျှ ကြီးမားသော ချစ်ခြင်းမေတ္တာဖြင့် မိမိအတွက် အသေခံခဲ့သည့် ယေရှုခရစ်ကို ငြင်းပယ် သူတို့အဖို့
နောက်တစ်ကြိမ်ထပ်မံ၍ သနားခြင်းကရုဏာခံစားရန် အကြောင်းမရှိတော့ချေ။ ယေရှု ခရစ် ဆက်သပူဇော်ခဲ့သည့်
အပြစ်ဖြေရာ ယဇ်ကို လက်မခံသူတို့အဖို့ ငရဲမီးအိုင်၌ ဒုက္ခဝေဒနာ ထာဝရခံစားရုံမှလွဲ၍ အခြားလမ်းမရှိတော့ပေ။
ထို ဣသရေလ လူသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်နှင့် အံ့သြဖွယ်ရာ မြင်ကွင်းတစ်ခုကို
ထပ်မံမြင်တွေ့ရပြန်သည်။ ကြေးဝါယဇ်ပလ္လင်ကြီးအထက်ရှိ မီးတောက်မီးလျှံများ မှာ တောက်ပလောင်ကျွမ်းလျက်ရှိရာ
မီးခိုးများသည်လည်း ကောင်းကင်ယံသို့ တလူလူလွှင့်တက် နေသည်။ ယဇ်ပလ္လင်၏ ထောင့်(၄)ထောင့်မှ
သွေးအလိမ်းလိမ်းပေကျံနေသော ဦးချို(၄)ချောင်း တို့ သည် ဘုရားသခင်အထံထော်သို့ လက်မြှောက်၍
ကိုးကွယ်ရှိခိုးနေဟန်ရှိပြီး ယဇ်ပလ္လင်မူကား ဘုရားသခင် အထံတော်သို့ ပူဇော်သက္ကာယဇ်ကို ဆက်သလျက်ရှိသည်။
ဦးချိုသည် ကယ်တင်ခြင်း၊ လုံခြုံခြင်း (သို့မဟုတ်) ကွယ်ကာမှုပေးခြင်းတို့၏ ခွန်အားဗလ အဖြစ်
ပုံဆောင်ထားသည်။ ဟန္န၏အသက်တာတွင် ဘုရားသခင်ထံမှ အောင်မြင်ခြင်းခံစားရသော အခါ “ရှင်ဘုရင်ကို
ခွန်အားနှင့်ပြည့်စုံစေ၍ အထံတော် (ဦးချို)၌ ဘိသိတ်ခံသောသူကို ချီးမြှောက် တော်မူမည်” ဟု မြွက်ဆိုခဲ့သည်။ (၁ရာ၊
၂း၂၁)။
၎င်းအပြင် ဘေးကင်းခြင်း (၀ါ) လုံခြုံစိတ်ချမှု ရခြင်းတို့ကို ပုံဆောင်ထားသေးသည်။ ဓမ္မဟောင်းကာလက
အသက်အန္တရာယ်မှ လွတ်ကင်းလိုသူတို့သည် ယဇ်ပလ္လင်၏ ဦးချိုကို ဆုပ်ကိုင်ကြောင်း (၃ရာ၊ ၁း၅၀၊ ၂း၂၀-၂၉)တွင်
ဖတ်ရှုရသည်။
ယဇ်ပူဇော်ပသရာ ယဇ်ပလ္လင်သည် အရှင်ယေရှုကို ပုံဆောင်နေသည်။ အဘယ့်ကြောင့်ဆို သော် ယဇ်ပလ္လင်သည်
ပူဇော်သက္ကာရ ယဇ်ကောင်ကို ဘုရားသခင်အထံတော်သို့ ဆက်သပေး သကဲ့သို့ ယေရှုခရစ်သည် မိမိကိုယ်ကို
ပူဇော်သက္ကယဇ်အဖြစ် ဘုရားသခင် ထံတော်သို့ ဆက်သံခဲ့ သည်။ အံ့ဖွယ်လူသား ယေရှုခရစ်သည် ယဇ်ပလ္လင်အဖြစ်
ခံယူလျှက် မိမိကိုယ်ကို ဆက်သပူဇော်ခဲ့ ခြင်းကြောင့် ပူဇော်သက္ကာမှာသာ၍ တန်ဖိုးမြင့်မားလာရသည်။ ယဇ်ပလ္လင်သည်
ပူဇော်သက္ကာကို သန့်ရှင်းစေသဖြင့် ပူဇော်သက္ကာထက် ယဇ်ပလ္လင်ကသာ၍ မြတ်ကြောင်း ကျွန်ုပ်တို့ သတိပြုရ ပေမည်။ (မ၊
၂၃း၁၉)။
ဓမ္မသစ်ကာလ၌ ကားတိုင်၏လုပ်ဆောင်ချက်သည် အပြစ်သားများကို ကယ်တင်ရုံသာမက သားတော်ယေရှုကို
ခမည်းတော်ထံသို့ ပူဇော်ဆက်သခဲ့သေးသည်။ သားတော်သည် ကျွန်ုပ်တို့ အတွက် မိမိကိုယ်ကို မပေးအပ်မီ ပထမဦးစွာ
ဘုရားသခင်အထံတော်သို့ ဆက်ကပ်အပ်နှံခဲ့သည်။ လူတို့၏ အပြစ်ဒုစရိုက်က ဘုရားသခင်၏ ဂုဏ်အသရေကို
ညိုးနွမ်းစေခဲ့သော်လည်း သားတော်မူ ကား ဘုရားသခင်၏ ဘုန်းတော်ကို ပြန်လည်ထွန်းတောက်စေ၏။ ဘုရားရှင်၏
ဘုန်းတော်အတွက် သားတော်သည် အသေခံသည့်တိုင်အောင် နာခံဆက်ကပ်ခဲ့သည်။ ဘုရားသခင်သည် သန့်ရှင်း
ဖြောင့်မတ်သော ဘုရားဖြစ်သည့်အလျှောက် တစ်လောကလုံး၏ အပြစ်ကို ယူတင်လိုက်သည့် သားတော်ယေရှုအား
မျက်နှာလွှဲလိုက်သည်။ သို့သော်လည်း သားတော်အပေါ်တွင် ချစ်ခြင်းမေတ္တာ ပြည့်ဝလျက်ပင် ရှိတော်မူ၏။
သားတော်သည် ထိုအဖြစ်ကို ကြိုတင်သိမြင်၍ “ငါသည် ကိုယ့်အသက်ကိုစွန့်၍ . . ငါ့ခမည်း တော်သည် ငါ့ကို
ချစ်တော်မူ၏” ဟု မိန့်တော်မူခဲ့၏။ (ယော၊ ၁၀း၁၇)။
ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏ (ကော၊ ၃း၁၁)။ ယဇ်ပလ္လင် ဖြစ်သကဲ့သို့ ပူ
ဇော်သက္ကာယဇ်လည်း ဖြစ်သည်။ ထို့ပြင် ပူဇော်သက္ကာကို ဘုရားသခင် အထံတော်သို့ မီးရှို့ပူဇော် ဆက်သပေးသော
ယဇ်ပုရောဟိတ်လည်းဖြစ်သည်။
ယဇ်ပူဇော်ပြီးသွားသော ဣသရေလ လူသည် သက်ပြင်းရှည်တစ်ချက်ကို ချလိုက်ပြီး စိတ်
လက်ပေါ့ပါးသွားလေသည်။ သူ၏အပြစ်ရှိသမျှ ဖြေလွှတ်ခြင်းခံရပြီးဖြစ်၍ ယခုသူသွားလိုရာသို့ လွတ်လပ်စွာ သွားနိုင်ပြီ။
မသွားမီသူသိလိုသည့် အရာများကို ယဇ်ပုရောဟိတ်ထံ မေးကြည့်မိ သည်။
“တကယ်လို့ ကျွန်တော် မတော်တဆ အပြစ်ထပ်လုပ်မိရင် ဘယ်လိုလုပ်ရမှာလဲ”
ယဇ်ပုရောဟိတ်က “အဲဒီအခါကျရင် တစ်ကောင်၊ ဒါမှမဟုတ် သိုးတစ်ကောင်ယူလာပြီး ယဇ် ပူဇော်ရမယ်” ဟု
ဖြေ၏။
တဖန် “နောက်တစ်ခါ အပြစ်ထပ်လုပ်မိရင်ကော”ဟု ဣသရေလ လူက ဆက်မေးလိုက်၏။
“အပြစ်ထပ်လုပ်မိရင် ပူဇော်သက္ကာ သိုးတစ်ကောင် ထပ်ယူလာရဦးမှာပေါ့။ ငါ့အလုပ်က ဘယ်တော့မှ
မဆုံးနိုင်ဘူး။ ဒီမှာ အမြဲရှိနေမှာပါ . . ဒီနေရာမှာ ထိုင်စရာ ခုံလုံးဝမရှိတာ မင်း သတိ ထားမိမှာပေါ့” ဟုဖြေသည်။
ယဇ်ပုရောဟိတ် ပြောစကားသည် အမှန်ဖြစ်၏။ တဲတော်ဝင်းအတွင်း၌ဖြစ်စေ၊ တဲတော် အတွင်း၌ဖြစ်စေ၊
ထိုင်စရာခုံ လုံးဝမရှိချေ။ ဤနေရာ၌ ထိုင်ခွင့်သို့မဟုတ် အနားယူခွင့် လုံးဝမရှိပါ။
“ဘယ်အချိန်ပဲဖြစ်ဖြစ်၊ ကျွန်တော့်မှာ ထိုင်နေခွင့် နားနေခွင့်မရှိဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော့်အလုပ်ဟာ
ဘယ်တော့မှ မဆုံးနိုင်လို့ပ”ဲ ဟု ယဇ်ပုရောဟိတ်ကြီးက ဆက်ရှင်းပြလေ၏။ (ဟေဗြဲ ၁၀း၁၁)၌ “ယဇ်ပုရောဟိတ်
မည်သည်ကား နေ့တိုင်းဝတ်ပြုလျက် အပြစ်မဖြေနိုင်သော ယဇ်ကို အထပ်အထပ်အဖန်ဖန် ပူဇော်လျက် ရပ်နေရ၏” ဟု
ဖော်ပြထားသည်။
ယဇ်ပုရောဟိတ်ကြီးသည် အမှုတော်ဆောင်ရွက်ရာ တဲတော်အတွင်း၌ အဘယ့်ကြောင့် ထိုင်ခွင့်မရသနည်း။
အကြောင်းမှာ ကားတိုင်တရား မပေါ်ထွန်းသေးသည့် ဓမ္မဟောင်းကာလတွင် အသက်ရှင်နေ
ရခြင်းကြောင့်ဖြစ်သည်။ ဆိုလိုသည်ကား ရွေးနှုတ်ကယ်တင်ခြင်း အမှုကြီး မပြီးစီးသေး၍ နားပိုင်ခွင့် မရှိသေးချေ။
ဓမ္မဟောင်းကာလ၌ မရေမတွက်နိုင်လောက်အောင် များပြားလှသော ယဇ်ကောင်များကို ယဇ်ပူဇော်ခဲ့ကြသည်။
ရှောလမုန်မင်းကြီး တည်ဆောက်သည့် ဗိမာန်တော်ဆက်ကပ် အနုမောဒနာ ပြုပွဲတစ်ခု၌ပင် နွားကောင်ရေ (၂၂,၀၀၀)နှင့်
သိုးကောင်ရေ (၁၂,၀၀၀၀)ကိုသတ်၍ ယဇ်ပူဇော်ခဲ့ကြ သည်။ (၃ ရာ၊ ၈း၆၃)။ သို့သော် ထိုမျှ များပြားသည့် တိရစ္ဆာန်
ယဇ်ကောင်များ၏ အသွေးက အပြစ် ဒုစရိုက်ကို မဖယ်ရှားပေးနိုင်ချေ။ အကြောင်းမူကား နွား အသွေး၊ ဆိတ် အသွေးသည်
အပြစ်ကို မဖယ်ရှားနိုင်ဟု သမ္မာကျမ်း၌ သတိပေးထားပါသည်။ (ဟေဗြဲ ၁၀း၎)။
မည်သို့ဆိုစေကာမူ ပဋိညာဉ်တရားဟောင်း လက်ထက်တွင် ယာယီအပြစ်ခငွ့်လွှတ်ခြင်း ခံ စားရကြောင်း
အထက်ပါ ဣသရေလလူ၏ အဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ “အပြစ်မှ လွတ်ခြင်း၊ ဒုစရိုက်အပြစ်ကို
ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏” ဟု (ဆာလံ ၃၂) တွင် ဒါဝိဒ်မင်းကြီး သိချင်းစပ်ဆိုထားသည်
မဟုတ်ပါလော။
ထိုအချိန်က ခွင့်လွှတ်ခြင်းသည်
(၁) ခေတ္တခဏသာဖြစ်၍ နောက်တစ်ကြိမ် အပြစ်ထပ်လုပ်မိလျှင် အသစ်သော ပူဇော်သက္ကာကို ထပ်မံ
ယူဆောင်လာရသည်။
(၂) ဓမ္မဟောင်းခေတ်က ပူဇော်ဆက်သသော ယဇ်များသည် ကားတိုင်ပေါ်တွင် တစ်ကြိမ်တည်း အသေသတ်
ပူဇော်ခြင်းခံရမည့် စစ်မှန်သည့် ဘုရားသခင်၏ သိုးသငယ်တော်ကို ယုံကြည် မျှော်ကြည့်ရန်ဖြစ်သည်။ (ရော၊
၃း၂၆)။
ထို့ကြောင့် ထိုင်နေခြင်း ရပ်နားခြင်း၊ အဆုံးသတ်ခြင်း အလျှင်းမရှိ။ အထပ်ထပ်အခါခါ ပူဇော် နေရသော
ပူဇော်သက္ကာတို့သည် အပြစ်ကို ထာဝရမဖြေလွှတ်နိုင် (ဟေဗြဲ ၁၀း၁၁) သဖြင့် အသစ်သော ပူဇော်သက္ကာများကို အမြဲတမ်း
ယူဆောင်လာရမည်။
ဤသည်မှာ တဲတော်အတွင်း၌ ထိုင်နားစရာ နေရာလုံးဝ မရှိခြင်း၏ အကြောင်းရင်းပင် တည်း။
ဝမ်းမြောက်ခြင်းဖြင့် ကြွေးကြော်ပါ
ယခုအချိန်တွင် ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် ရွေးနှုတ်ရှင် ယေရှုခရစ်အားဖြင့် အခြေအနေ အရပ်ရပ်သည်
အလွန်ခြားနား ကွာဟခဲ့လေပြီ။ ထာဝရရွေးနှုတ်ခြင်းအတွက် ခရစ်တော်သည် မိမိ ကိုယ်ကို ဆက်ကပ်ပေးလှူခဲ့သည်
(ဟေဗြဲ၊ ၉း၁၁)။ ကိုယ်တော်သည် ကိုယ်ကို တစ်ခါတည်းပူဇော် သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှာ
ပေါ်ထွန်းတော်မူ၏ (ဟေဗြဲ၊ ၉း၂၆)။
ကိုယ်တော်၏ ပူဇော်သက္ကာ ဆက်ကပ်ခြင်းသည် အပြစ်ဒုစရိုက်ကို ထာဝရပယ်ရှင်းဖြေလွှတ် ခဲ့ကြောင်း
ဓမ္မသစ်ကျမ်းနှင့် တမန်တော်တို့က သက်သေခံထား၏။ ကိုယ်တော်သည် ယခုအခါ ဘုရားသခင်၏ လင်္ကျာတော်ဘက်၌
အစဉ်ထိုင်နေတော်မူ၏ (ဟေဗြဲ ၁၀း၁၂)။
ဓမ္မဟောင်းကာလနှင့် ဓမ္မသစ်ကာလတို့၏ လုပ်ဆောင်ချက်များ ခြားနားကွာဟပုံကို နှိုင်းယဉ်ကြည့်ကြဦးစို့။
စဉ် အတိတ်ဓမ္မဟောင်း ကာလ ယခု ဓမ္မသစ် ကာလ
၁။ လောကီသား ယဇ်ပုရောဟိတ် ကောင်းကင်သား ယဇ်ပုရောဟိတ်
၂။ တိရစ္ဆာန် ပူဇော်သက္ကာ။ ဘုရားသခင်၏ သိုးသူငယ်တော်(ယေရှု)
၃။ ပူဇော်သက္ကာ အမြောက်အမြား ပူဇော်သက္ကာ တစ်ခုတည်းသာ
၎။ အဖန်တလဲလဲ ပူဇော်ရသည် တစ်ကြိမ်တည်း ပူဇော်ရသည်။
၅။ ရပ်နေရသည်၊ ထိုင်ခွင့်မရှိ ထိုင် နေရသည်။
၆။ ဘယ်သောအခါမျှ မပြီးဆုံးနိုင်ပါ။ ထာဝရ ပြီးစီးသွားပြီ။
၇။ အပြစ်ကင်းစင်ခြင်း မရ အပြစ်ကင်းစင် ခွင့်လွှတ်ခြင်း ခံရသည်။
၈။ ခေတ္တခဏ (ယာယီ)ခွင့်လွှတ်ခြင်း ထာဝရ အကြွင်းမဲ့ ခွင့်လွှတ်သည်။
အကြွင်းမဲ့ နားနေခြင်း
ကားတိုင်ပေါ်တွင် (၃)နာရီကြာမျှ ဝေဒနာကိုပြင်းပြစွာ ခံစားခဲ့ပြီးနောက် “အမှုပြီးပြီ” ဟု အရှင်ယေရှု
ကြွေးကြော်ခဲ့လေသည်။ မှန်ပါသည် အပြစ်လွှတ်ခြင်းအတွက် ဘာမျှထပ်မံ လုပ် ဆောင်စရာ မလိုတော့ပါ။
အရှင်ယေရှုသည် ယခုအခါ ငြိမ်ဝပ်စွာထိုင်၍ နားနေတော်မူ၏။ ကိုယ် တော်သည် ငြိမ်ဝပ်ခြင်း ချမ်းသာထဲသို့
ဝင်ရောက်တော် မူခဲ့လေပြီ (ဟေဗြဲ ၄း၁၀)။
လောကီအပြစ်သားများ အပြစ် ခွင့်လွှတ်ခြင်းရဖို့ ဆောင်ရွက်စရာ အမှုအားလုံးကို အရှင်
ယေရှုလုပ်ဆောင်ပြီးစီးခဲ့လေပြီ။ ထပ်မံလုပ်ဆောင်စရာ ဘာမျှမရှိတော့ပါ။ သို့သော် အပြစ်သား တစ်ယောက်
အပြစ်ခွင့်လွှတ်ခြင်းရရန် ကိုယ်တော်ထံသို့ ယုံကြည်အားကိုးခြင်းဖြင့် လာဖို့လိုသည်။ ယဇ်ကောင်ပေါ်၌ လက်တင်ပြီး
(အရှင်ယေရှုကို ယုံကြည်ကိုးစားပြီး) မိမိသည် လမ်းလွဲပျောက်ဆုံး နေသော အပြစ်သားဖြစ်၍ အပြစ်ဒဏ်စီရင်ခြင်း
ခံထိုက်ကြောင်း အဖြစ်မှန်အတိုင်း ရိုးသားစွာ ၀န်ခံ လျက် အပြစ်ဝန်ချရမည်။
ဤအရာကို ပြောင်းလဲခြင်း (၀ါ) အထံတော်သို့ ပြန်လှည့်ခြင်းဟု ခေါ်၏။ ကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်
ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ၊ ဘုရား သခင်သည် သစ္စာတရားနှင့်လည်းကောင်း၊
ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော် မူ ၏” (၁ ယော ၁း၉)။
ချစ်လှစွာသော စာရှုသူသင်၌ အပြစ်ခွင့်လွှတ်ခြင်း မခံရသေးလျှင် ယခုပင် ကိုယ်တော်ရှင်ကို ယုံကြည်ပါ။
အကြွင်းမဲ့ကိုးစားပါ။ ဤမျှစုံလင်သော ရွေးနှုတ်ကယ်တင်ခြင်း အမှုအတွက် ခရစ်တော် အား ကျေးဇူးတင် ချီးမွမ်းပါ
မိတ်ဆွေ။
“ကယ်တင်ခြင်းအတွက် သင်ဘာမျှ လုပ်စရာမလိုတော့ပါ” ဟု ထာဝရဘုရား ဖိတ်ခေါ် ကြေငြာနေသည်ကို
သံသယမရှိပါနှင့် စိတ်ချယုံကြည်စွာ ချဉ်းကပ်ပါ။ ကိုယ်တော်အစပြုတော်မူ သောအမှုကို ကိုယ်တော်ပင်
ပြည့်စုံပြီးစီးစေပြီးမှ တစ်ဖန်ကြွလာတော်မူမည်။ ထို့နောက်မှ ကမ္ဘာ ကုန်ရလတံ္တ။
ချစ်မိတ်ဆေ-ွ အရှင်ယေရှုခရစ်ကို မျှော်ကြည့်ပါ။
ယုံကြည်အားကိုးလျက် အသက်ရှင်ပါ။
သင်မျှော်ကြည့် အားကိုးလိုက်သည့် တခဏချင်းတွင် ခရစ်တော်ပေးသော ထာဝရအသက် ကို ဧကန်မုချ
ပိုင်ဆိုင်ရလိမ့်မည်။ ခရစ်တော်အပြင် နောက်ထပ် မည်သူငြိမ်ဝပ်စွာ နားနေသေး သလဲ၊ သင် စဉ်းစားမိရဲ့လား။
နောက် ပုဂ္ဂိုလ်တစ်ပါးမှာ ခမည်းတော်ဘုရားပင်ဖြစ်သည်။ ကားတိုင်ထက်၌ သားတော်လုပ် ဆောင်ပြီးစီးခဲ့သော
အမှုကြောင့် ခမည်းတော်သည် အလွန်ကျေနပ်အားရကာ ငြိမ်ဝပ်စွာ နားနေ တော်မူ၏။ ခမည်းတော်ဘုရား၏ စိတ်တော်ကို
ကျေနပ်အားရစေသည့် ပူဇော်သက္ကာပေါ်တွင် သင် လည်း အကြွင်းမဲ့ ကိုးစားနိုင်ပါသည်။
တစ်နေ့သောအခါတွင် ရွေးနှုတ်ကယ်တင်ခြင်းခံရသော သူတို့က အသေသတ်ခြင်း ခံခဲ့ပြီး သော
သိုးသူငယ်တော်သည် တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ဘုန်းအာနုဘော် နှင့် ကောင်းချီးမင်္ဂလာကို
ခံထိုက်သောသူဖြစ်၏ဟု အထက်ကောင်းကင်ဘုံတွင် တေးဖွဲ့သီဆို ကျူးရင့် ကြရလိမ့်မည် (ဗျာ ၅း၉-၁၂)။Aromahttp://www.blogger.com/profile/14071267064832183434noreply@blogger.com0tag:blogger.com,1999:blog-2328282272547876838.post-42168233770381892892010-10-27T16:58:00.001-07:002010-10-29T20:04:48.184-07:00အခန်း (၃)အ၀င်တံခါးပေါက်
အခန်း (၃)
အ၀င်တံခါးပေါက်သည် ကျယ်ဝန်း၍ လှပတင့်တယ်ပြီး ဆွဲဆောင်မှုအပြည့်ရှိသည်။ ကျွန်ုပ် တို့၏
အပြစ်ဒုစရိုက်များကြောင့် အယောက်တိုင်း ဘုရားသခင်နှင့် ဝေးရာ အပြင်ဘက် ထာဝရ မှောင်မိုက်ဖုံးလွှမ်းရာ အရပ်တွင်
နေရမည်။ အပြစ်သားမှန်သမျှသည် ပျက်စီးခြင်းသို့ ရောက်မည် ဟု စီရင်သင့်သော်လည်း ဘုရားသခင်သည်
ထိုသို့မစီရင်ဘဲ အံ့သြဖွယ်ရာ ကျေးဇူးတော်ကို ခံစား ခွင့်ပေးခဲ့သည်။ ကိုယ်တော်ရှင်ထံ ချဉ်းကပ်ရန် ကျွန်ုပ်တို့
အယောက်တိုင်းအတွက် တံခါးပေါက်ပြင် ဆင်ပေးထားပြီဟူသော သတင်းစကားသည်
အလွန်ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းဖြစ် သည်။
ကောင်းပြီ။ ထိုတံခါးသည် အဘယ်တံခါးမျိုးဖြစ်သည်ကို ဆက်လက်လေ့လာကြည့်ကြပါစို့။
၁။ တံခါးပေါက်၏ အကျယ်သည် အတောင် ၂၀ (၀ါ) ပေ ၃၀ နီးပါးရှိခြင်းကြောင့် အခြားသာမန်
တံခါးပေါက်များထက် ပိုမိုကျယ်ဝန်းသည်။ ဘုရားသခင်၏ မေတ္တာသည် အလွန်ကြီးမား သဖြင့် ၀င်လိုသူတိုင်း
ဝင်နိုင်ရန် တံခါးပေါက်ကို ယခုကဲ့သို့ ကျယ်ဝန်းစွာ ဖွင့်ထားပေးခြင်း ဖြစ်သည်။ တံခါး အတွင်းသို့ဝင်လိုသော
သူသည် အဖိုးအခပေးစရာ မလိုဘဲ လွတ်လပ်စွာ ၀င်နိုင်လေသည်။ ဘုရားသခင်သည်
ကယ်တင်ရှင်ဖြစ်သောကြောင့် လူသားတိုင်း ကယ် တင်ခြင်းရရန် အလိုတော်ရှိပြီး ( ၁ တိ ၂း၃၊၄) အထံတော်သို့
လာလိုသောသူတိုင်း လာနိုင်ရန် ဤတံခါးပေါက်ကို ကျယ်ဝန်းစွာ ပြင်ဆင်ထား ခြင်းဖြစ်သည်။ (ဗျာ ၂၂း၁၇)။
၂။ တံခါးပေါက်ကို မိုးပြာရောင်၊ ခရမ်းနုရောင်နှင့် အဖြူရောင်အောက်ခံပေါ်တွင် ကြက်သွေး ရောင် ပန်းထိုးထားသည့်
ကန့်လန့်ကာဖြင့် ကာရံထားသောကြောင့် အလွန်လှပ တင့်တယ် လျက်ရှိပြီး စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်နေ၏။
၎င်းအရောင်(၄)မျိုးသည် အရှင်ယေရှု အကြောင်းကို ရှုထောင့်လေးထောင့်မှ တင်ပြထားသည်။
ဤအရောင်(၄)မျိုး အကြောင်းကို နောက်မှ လေ့လာပါမည်။
၃။ တံခါးပေါက်အား သစ်သား(သို့မဟုတ်) သတ္တုဖြင့် မပြုလုပ်ဘဲ အလျားအတောင်(၂၀) အမြင့် (၅)တောင်ရှိသော
ရောင်စုံပန်းထိုးထားသည့် ပိတ်ချောကန့်လန့်ကာဖြင့် ပြုလုပ်ထားခြင်းမှာ အသက်အရွယ်ကြီးရင့်သူများနှင့်
လူပျိုလူရွယ်များသာမက ကလေးသူငယ်များကိုပင် ဆွဲ ဆောင်လျက် အလွယ်တကူ ၀င်ရောက်ခွင့်
ပေးထားသည်။ တံခါးပေါက်သည် ၀င်လို သူတိုင်းအား လှိုက်လ၀ှဲ မ်းပန်တသာ လက်ကမ်းကြိုဆိုလျက် ရှိသည်။
၎။ တံခါးပေါက်တစ်ပေါက်တည်းသာ ရှိသည်။ ဤတံခါးပေါက်၏ နက်နဲသော အဓိပ္ပါယ်ကို အရှင်ယေရှုကိုယ်တိုင်
မိန့်ကြားခဲ့သည်။ “ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သော သူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍
ကျက်စားရာကို တွေ့ရလိမ့်မည်။” (ယော ၁၀း၉)
ထို့ကြောင့် ခရစ်တော်အားဖြင့် ဘုရားသခင် အထံတော်သို့ ကျွန်ုပ်တို့ ချဉ်းကပ်ခွင့် ရခဲ့ကြပြီ (ဧ ၂း၁၈၊ ၃း၁၂)
“လူအသီးသီးတို့က မိမိတို့ယုံကြည်လျှောက်လှမ်းနေသော တရားလမ်းအားဖြင့် ကယ်တင် ခြင်းရနိုင်သည်”ဟု
ထင်မြင်ယူဆ ပြောဆိုလေ့ရှိကြသည်။ အမှန်မှာ ယေရှုတစ်ပါးတည်းသာ ကယ် တင်ရှင် အစစ်အမှန်ဖြစ်ပြီး
ကယ်တင်ခြင်းရရန် အရှင်ယေရှုတည်းဟူသော လမ်းလွဲ၍ အခြားလမ်း မရှိတော့ပေ။ ဤစကားသည် သစ္စာစကားဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နှင့် လူတို့ ၏အကြားတွင်ဖြစ်သည့် ယေရှုခရစ်တည်းဟူသော
အာမခံတစ်ဦးတည်းရှိ၏ (၁ တိ ၂း၅)။ အရှင်ယေရှု တစ်ပါးတည်းအားဖြင့်သာ ဘုရားသခင်၏ အိမ်တော်သို့
ချဉ်းကပ်ခွင့်ရှိသည်။
ပိတ် သွား သော တံခါးပေါက်
သို့ရာတွင် တစ်ချိန်တစ်ခါ၌ ထိုဖွင့်ထားသော တံခါးပေါက်ပိတ်သွားလိမ့်မည်ဟု သမ္မာကျမ်း၌
သတိဖပေးထားသည်။ (ကမ္ဘာ ၇း၁၆-၂၃) တွင် နောဧ သင်္ဘောကြီးအတွင်းသို့ဝင်ရာ ကယ်တင်ခြင်း
တံခါးပိတ်သွားပြီးနောက် အတွင်းသို့မ၀င်သောသူ ရှိသမျှတို့သည် ရေနစ်သေဆုံးသွားကြရသည်။ (မဿဲ ၂၅၊ ၂-၁၀)တွင်
မိုက်သော သတို့သမီး ငါးယောက်မှာ မင်္ဂလာဆောင်ပွဲတွင် ပါဝင်ဆင်နွဲလို ကြသော်လည်း အရောက်နောက်ကျသဖြင့်
မင်္ဂလာဆောင်ပွဲ တံခါးပိတ်သွား၍ ပါဝင်ခွင့်မရှိခဲ့ကြ ချေ။ ထို့အတူ လူသားတိုင်းသည် တံခါး၏အတွင်း၌ရှိသောသူသည်
ကယ်တင်ခြင်း ခံစားရသည့် အတွက် စားသောက်ပျော်ရွှင်ပွဲကြီးတွင် ထာဝရပါဝင်ဆင်နွှဲခွင့်ရ၏။
တံခါးအပြင်ဘက်တွင်ရှိသော သူမူကား ဆုံးရှုံးခြင်းသို့ရောက်၍ မှောင်မိုက်ထဲတွင် ထာဝရနေရလိမ့်မည်။
အသက်ရှင်ခြင်းနှင့် သေခြင်း၊ ထာဝရ ထွန်းလင်းခြင်းနှင့် ထာဝရမှောင်မိုက်ခြင်း တို့သည် လုံးဝဆန့်ကျင်
ကွာခြားနေ၏။ သင်သည် ယေရှုခရစ်အားဖြင့် တံခါးအတွင်းဘက်သို့ ၀င်ရောက်သူ ဖြစ်ပြီလား။ ယေရှုခရစ်ကို
မယုံကြည်သေးပါက အပြင်ဘက်အရပ်တွင် ရှိနေသူဖြစ်လိမ့်မည်။ ကောင်းကင်ဘုံဝင်ရာ တံခါးပေါက်သည်လည်း မကြာခင်
ရုတ်တရက် ပိတ်သွားတော့မည်။ တံခါးပိတ်သွားမည့်အချိန်သည် သင်သေဆုံးချိန် (သို့မဟုတ်)
သင်မမျှော်လင့်သောအချိန်၊ အဘယ် သူမှ ခန့်မှန်း၍ မရနိုင်သော ခရစ်တော် တစ်ဖန် ပြန်လည်ကြွလာမည့်
အချိန်လည်းဖြစ်နိုင်သည်။ အချိန်နာရီသည် ရောက်လုနီးပြီဖြစ် သင်သည် အတွင်းဘက်အရပ်သို့ မ၀င်ရသေးလျှင် သင့်
အတွက် ထာဝရနောက်ကျသွားပေလိမ့်မည်။
ချစ်မိတ်ဆွေ
မည်သည့်အခါမျှ ပြန်လည်မဖွင့်လာတော့မည့် တံခါးပေါက်ရှေ့တွင် ရပ်နေသူ၏အဖြစ်ဆိုး သည် အဘယ်မျှ
ကြောက်မက်ဖွယ်ကောင်းသည်ကို တွေးဆကြည့်ပါ။ အပြင်ဘက်အရပ်သည် ငိုဝေကြွးခြင်း၊ အံသွား ခဲကြိတ်ခြင်း၊
မိမိကိုယ်ကို အပြစ်တင် ၀မ်းနည်းစိတ်ပျက်ခြင်းအရပ်ဖြစ်သည်။ “ဘုရားသခင်၏ အိမ်တော်(၀ါ)ရွှေအိမ်တော်သို့
ကြွလှမ်းခဲ့ပါ” ဟူသော ဤစာအုပ်ငယ်လေးကို သင် ဖတ်နေချိန်တွင် အတွင်းဘက်သို့ တစ်ခါတည်း
ဝင်ရောက်ဖို့ခေါ်ဖိတ်ပါသည်။
သင့်အသက်တာသည် အောက်တွင်ေးထားသော မည်သည့်ဝါကျနှင့် ကိုက်ညီနေသလဲ။
- အကျွန်ုပ်သည် တဲတော်အတွင်းဘက် အရပ်၌ ရှိနေပါပြီ။
- အကျွနုပ်သည် တဲတော်အပြင်ဘက် အရပ်၌ ရှိနေပါသည်။
- သစ္စာရှိရှိ အဖြေမှန်ပေးနိုင်ပြီးလား။ ယနေ့တိုင် တံခါးပေါက်ဖွင့်ထားလျက် ရှိနေသေး သည်။
လာလိုသူတိုင်းကို ခရစ်တော်ဘုရားသည် လက်ကမ်းကြိုဆိုလျက်ရှိသည်။
- “သင်အပြစ်ရှိသည့်အတိုင်း ငါ့ထံသို့လာပါ”ဟု ဖိတ်ခေါ်နေသည်။ ယခုပင် လာပါ ချစ်မိတ်ဆွေ။Aromahttp://www.blogger.com/profile/14071267064832183434noreply@blogger.com0tag:blogger.com,1999:blog-2328282272547876838.post-50389704102876393612010-10-23T05:59:00.000-07:002010-10-29T20:10:20.556-07:00အခန်း (၂)တဲတော်၏ မြင်ကွင်း
အခန်း (၂)
ထွ၊ ၂၇
တဲတော်ကို ခပ်လှမ်းလှမ်းမှကြည့်လျှင် အလျား အတောင်(၁၀၀)၊ အနံအတောင် (၅၀)ရှိပြီး ခိုင်ခံ့သော
တိုင်များဖြင့် ထူထားသည့် ပိတ်ချော ၀င်းထရံဖြူကို ထင်ထင်ရှားရှား တွေ့မြင်ရမည်။ (ထွ ၂၇း၉-၁၂)
ဤအတိုင်းအတာသည် ယခုခေတ် အတိုင်းအတာအရ အလျားပေ (၁၅၉)နှင့် အနံ (၇၅)ပေခန့်ရှိသည်။
တဲတော်ဝင်းတစ်ခုလုံးကို အဖြူရောင် ပိတ်ချောထည်ဖြင့် ပတ်ပတ်လည် ကာရံထားပြီး ငွေတံစို့များဖြင့်
ကြေးဝါတိုင်ပေါင်း (၆၀)၌ ချိတ်ဆွဲထား၏။ တိုင်ထိပ်များတွင် ငွေဖြင့်ပြုလုပ်ထား သော ထိပ်ဖုံးအသီးသီးရှိပြီး တိုင်များကို
သဲပြင်ပေါ်ရှိ ကြေးဝါ ခြေစွပ်(၆၀)ထဲတွင် စိုက်ထူထား၏။ တိုင်တစ်တိုင်စီကို အကွာအဝေးတူညီစွာ စိုက်ထူထားပြီး
ငွေတန်းများဖြင့် ဆက်သွယ်လျက် ကြေးဝါ တံသင်(ငုတ်)များ၌ ကြိုးဖြင့် ချည်နှောင်ထားလေသည်။
ဝင်းထရံ၏အမြင့်မှာ ၅ တောင် (၀ါ) ၇ ၁/၂ပေရှိပြီး ၀င်းအတွင်းရှိ ရွှေအိမ်တော်၏ အမြင့်မှာ အမိုးအပါအ၀င်
အမြင့်(၁၀)တောင်ရှိသည်။ ရွှေအိမ်တော်ကို ဖြန့်မိုးထာသော အမိုးသည် အရောင် အဆင်းကင်းမဲ့၍ တောက်ပမှုမရှိသဖြင့်
အဝေးမှကြည့်လျှင် စိတ်ဝင်စားဖွယ်ရာ အကြောင်းမရှိပေ။ အဓိပ္ပါယ်ကင်းမဲ့လျက် စိတ်ဝင်စားဖွယ် မရှိချေ။
အိမ်တော်အတွင်းသို့ မ၀င်သေးသော သူမှန်သမျှ သည် တဲတော်ထဲရှိ အရာဝတ္ထုများနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်
အနက်အဓိပ္ပါယ်ကို နားမလည်နိုင်ချေ (သ ကော ၁း၁၈၊ ၂၃)။
ဤလောက၌ အရှင်ယေရှု သက်တော်ထင်ရှားရှိစဉ်ကလည်း လူအပေါင်းတို့သည် ကိုယ် တော်အရှင်အား
စိတ်ဝင်စားခြင်း၊ လေ့လာရှာဖွေခြင်း မရှိခဲ့ချေ။ ထိုသူတို့အတွက် ဘုရားသခင်နှင့် ဆိုင်သော အရာခပ်သိမ်းတို့သည်
ဖုံးအုပ်လျက်ရှိ၏။
“ထာဝရဘုရား၏ ကျွန်သည် အညွန့်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ ပေါက် သောအတက်ကဲ့သို့
လည်းကောင်း၊ ရှေ့တော်၌ ကြီးပွား၏။ … ငါတို့သည် မရိုသေကြ” (ဟေရှာ ၅၃း၂-၃)ဟု ပရောဖက်ဟေရှာယက
ပြောခဲ့သည့်အတိုင်း ကယ်တင်ခြင်းမရသေးသော သူတို့သည် ကိုယ်တော်ရှင်အကြောင်းကို စိတ်ဝင်စားမှု လုံးဝမရှိကြချေ။
ကယ်တင်ခြင်းရပြီးသော ယုံကြည်သူတိုင်းသည် ဘုရားနှင့်သက်ဆိုင်သည့် အကြောင်းအရာ များကို
အတွေ့အကြုံအားဖြင့် နားလည်သဘောပေါက်လာကြသည်။ မယုံကြည်သေးမီက ခရစ် တော်သည် ကျွန်ုပ်တို့အတွက်
စိတ်ဝင်စားဖွယ် မရှိသော်လည်း ခရစ်တော်ကို ယုံကြည်လက်ခံပြီး သည့် နောက်ပိုင်းတွင် ကိုယ်တော်ရှင်သည်
ကျွန်ုပ်တို့အတွက် ထာဝစဉ်ကြီးမြတ်၍ တန်ဖိုးမဖြတ် နိုင်သောသူ၊ လေ့လာရှာဖွေ ဆန်းစစ်၍ မကုန်နိုင်သောသူဖြစ်ကြောင်း
သိကျွမ်းလာသည်။
မကျူးကျော်ရ (ထွ ၂၇း၉-၁၈)
တဲတော်အား ကာရံထားသည့် ၀င်းထရံကို အနီးကပ်ကြည့်သောအခါ သာ၍ စိတ်ဝင်စား ဖွယ်ကောင်းလှ၏။
တဲတော် ၀င်းထရံ၏ အဖြူရောင်ပိတ်ချောသည် ညိုပုပ်မဲညစ်နေသော လူနေတဲ အိမ်များနှင့် လုံးဝဆန့်ကျင်ဖြစ်နေသည်။
အဓိပ္ပါယ်ကား တဲတောဝ် င်းအတွင်းဘက်သည် လူနေတဲ များလို မဟုတ်ဘဲ သန့်ရှင်းခြင်း၊ မြင့်မြတ်ခြင်းတို့ဖြင့်
တင့်တယ်လျက်ရှိကြောင်း ဖေါ်ပြနေသည့် အမှတ်လက္ခဏာဖြစ်သည်။
ဝင်းခြံ၏အမြင့်သည် ၅တောင်(၀ါ) ၇ ၁/၂ ပေ ခန့်ရှိခြင်းကြောင့် ၀င်းအပြင်ဘက်မှ လူသည် အထဲ၌ရှိသော
အရာများကို မမြင်မတွေ့နိုင်ပေ။ ထိုသို့မမြင်နိုင်အောင် ကာရံထားခြင်းမှာ ဘုရား သခင်ကိုယ်တော်တိုင် မိမိသဏ္ဍာန်ကို
ဝင်းအပြင်ဘက်မှ လူတို့အား ထင်ရှားဖေါ်ပြခြင်းမပြုလိုသော ကြောင့်ဖြစ်သည်။ ထိုနေရာ၌ အဘယ်သူကိုမျှ
လွယ်လင့်တကူ လက်ခံခြင်းမရှိပေ။ မြင့်မားရှည် လျားသော အဖြူရောင်ကန့်လန့်ကာ များက “အခွင့်မရှိ မ၀င်ရ”ဟု
ဟန့်တားပိတ်ပင်နေသယောင် ယောင်။ ဤအချက်သည် အထူးအရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော
ဘုရားသခင်ထံသို့ ချဉ်းကပ်လိုသော လူသားတိုင်း ဘုရားသခင်၏ နည်းလမ်းအတိုင်းသာ ချဉ်းကပ်ရန် ပညတ်ချက်
ချထားခြင်းကြောင့်ပေတည်း။
ထိုကန့်လန့်ကာများကဲ့သို့ ဖြူစင်လျက် အညစ်အကြေး အစွန်းအကွက် ကင်းစင်သော လူသားတစ်ယောက်ကို
ကျွန်ုပ်တို့ သတိပြုမိဖို့ လိုအပ်သည်။ သန့်ရှင်းဖြူစင်၍ စုံလင်သော ထို လူသားကား ယေရှုခရစ် ပေတည်း (ဟေဗြဲ ၇း၂၆)။
ချစ်မိတ်ဆေ-ွ
ကန့်လန့်ကာများနည်းတူ သင်၌ သန့်ရှင်းဖြူစင်ပါသလား။
ထိုနေရာနှင့် စပ်ဆိုင်မှုရှိပြီးလား။
လူမြောက်များစွာတို့သည် ခရစ်တော်၏ နောက်တော်သို့ လိုက်ချင်ကြပြီး ထိုသို့လိုက်ခြင်း သည်မှန်သော
အမှုပြုခြင်းဖြစ်သည်ဟု ထင်မြင်တတ်ကြသည်။ ၀င်းထရံအပြင်ဘက် မွဲညစ်ပေရေ နေသော လူနေတဲများရှိ ညစ်ညူးသော
အပြစ်သားများနှင့် ဤလောကကြီးအတွင်းမှ ကျွန်ုပ်တို့လူ သားများသည် သန့်ရှင်းစင်ကြယ်တော်မူသော
အရှင်ယေရှုနှင့်ပေါင်းစပ်၍ မရနိုင်အောင် ကွာခြား နေကြောင်း ဤအဖြူရောင်ဝင်းထရံအားဖြင့် ဘုရားသခင်က ပထမဆုံး
သတိပေး သွန်သင်နေ သည်။ ဤဖြူသော ၀င်းထရံက အပြစ်သားမျာသည် သန့်ရှင်းသော ဘုရားသခင်အထံတော်သို့
လွယ်လင့်တကူ မသွားနိုင်ကြောင်းနှင့် ခရစ်တော်အနီးတွင် နေရန် (၀ါ) ခရစ်တော်နောက်သို့ အလွယ်တကူ
မလိုက်နိုင်ကြောင်း ကျွန်ုပ်တို့အား သတိပေး သွန်သင်လျက်ရှိသည်။
တဲတော် ၀င်းထရံ၏ အပြင်ဘက်ရှိ အပြစ်သားများသည် မည်မျှညစ်ပတ် ရွံ့ရှာဖွယ် ကောင်း လှသည်ကို
ကိုယ်တော်ရှင်၏ သန့်ရှင်းခြင်း၊ အပြစ်ကင်းစင်ခြင်းတို့က မီးမောင်းထိုးပြလျက်ရှိသည်။ ထို့ကြောင့် “ဖြောင့်မတ်သောသူ
မရှိ၊ တစ်ယောက်မျှ မရှိ … လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီး” (ရော ၃း၁၀-
၂၃) ကို ဦးစွာ ဆင်ခြင်အောက်မေ့ကာ လူသားတိုင်း မိမိကိုယ်ကို ရွံ့ရှာဖွယ်ကောင်းသော အပြစ်သားများ ဖြစ်ကြောင်း
ဝန်ခံလျက် နောင်တ ရဖို့လိုသည်။
ချစ်မိတ်ဆွေ
သင့်အပြစ်များကို ပွင့်ပွင့်လင်းလင်း ၀န်ခံလျက် ဘ၀ဆုံးပါးနေသည့် အဖြစ်မှ ကယ်ချွတ်ချမ်း သာခြင်းရရန်
ဘုရားသခင် အထံတော်သို့ လာလိုပါသလား။ လာလိုသော စိတ်ဆန္ဒရှိသူတိုင်းအား လက်ခံရန် ဘုရားသခင်
အသင့်ရှိတော်မူ၏။ ဘုရားသခင် အထံတော်သို့ လာလိုကြသော အပြစ် သားအတွက် တဲတော်ဝင်း အရှေ့ဘက်၌
တံခါးပေါက်တစ်ပေါက် ဖွင့်ပေးထားသည်။Aromahttp://www.blogger.com/profile/14071267064832183434noreply@blogger.com0tag:blogger.com,1999:blog-2328282272547876838.post-57889301463172814712010-10-21T17:36:00.000-07:002010-10-29T20:12:17.942-07:00တဲတော် (၁) မြန်မာခရစ်ယာန်များဆုံဆည်းရာမှTABERNACLE
ရွှေအိမ်တော်သို့ ကြွလှမ်းခဲ့ပါ
အမှာစာ
သမ္မာာကျမ်းလာ တဲတော်အကြောင်းအရာသည် သာမန်ယုံကြည်သူများအတွက် မဆိုထား နှင့်
အမှုတော်ဆောင်များပင် နားလည်ရန်ခက်ခဲသော အကြောင်းတစ်ရပ်အဖြစ် တည်ရှိနေ သေး၏။
အဘယ့်ကြောင့်ဆိုသော် တဲတော်အကြောင်းလေ့လာလိုသူအဖို့ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော
စာအုပ်အမျိုးမျိုး ရှိသော်လည်း မြန်မာဘာသာဖြင့် ရေးသားထားသော တဲတော်စာအုပ် မည်မ�'80�်ရရ
မရှိခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ရကား တဲတော်သည် အင်္ဂလိပ်စာ မတတ်ကျွမ်းသော မြန်မာယုံကြည်သူများနှင့်
နှစ်ပေါင်းများစွာ အလှမ်းကွာဝေးခဲ့သည်။ တဲတော် အကြောင်းသည် နက်နဲခက်ခဲသည့်အလျှောက်
ဝိညာဉ်ကောင်းချီးရတနာ အဖြာဖြာဝှက်ထားသော ရတနာသိုက်ဟု တင်စားလျှင် မှားအံ့မထင်။
ယုံကြည်သူတိုင်း တဲတော်လေ့လာခွင့်မရခြင်း အ၀ိဇ္ဇာာမှောင်ပိတ်ဖုံးနေမှုကို လေ့လာခွင့် ရခြင်း
အလင်းရောင်အားဖြင့် လမ်းစဖွင့်ပေးခဲ့ပါသည်။ လွန်ခဲ့သောသုံးနှစ်က J.Rouw ရေးသား သော House of Gold Welcome
စာအုပ်ကို ကျွန်တော်ဖတ်ရှုလေ့လာခွင့်ရခဲ့ပါသည်။ ကျွန်တော် သတိပြုမိသော ယင်းစာအုပ်၏ ထူးခြားချက်မှာ
တဲတော်စာအုပ်အမျိုးမျိုးထက် ပိုမိုကျစ်လစ်မှု ရှိကြောင်း တွေ့ရသည်။
ထို့ပြင် သာမန်လူတစ်ယောက်ပင် နားလည်နိုင်သည်အထိ အရေးအသားပြေပြစ်ခြင်း၊ တင်ပြပုံ
ရှင်းလင်းလွယ်ကူခြင်း၊ လိုက်နာရန် သင်ခန်းစာရှိခြင်း စသည့်ဂုဏ်အင်္ဂါရပ်များကြောင့် စာအုပ်ကို လက်မှ
မချနိုင်လောက်အောင် ဆွဲဆောင်ခဲ့ပါသည်။
စာအုပ်အတွင်းမှ ပုံဆောင်ချက်များ၊ သွန်သင်ချက်များသည် ခရစ်တော်၏ ဘုရားဇာတိ၊ လူ့ဇာတိအကြောင်းကို
စုံလင်စွာ ဖော်ပြထားသကဲ့သို့ ခမည်းတော်ဘုရားက လောကီလူသားများ အပေါ်ထားရှိသော ဖြောင့်မတ်ခြင်းနှင့်ချစ်ခြင်း
မေတ္တာာသဘောထားများကို ပေါ်လွင်အောင် ဖော်ကျူးထားလျက်ရှိသည်။ ဤမျှမက လူသားတိုင်းအတွက်
ကောင်းကင်ဘုံသို့သွားရာ တစ်ခုတည်းသော လမ်းကို တိကျစွာ ညွန်ပြထားပြီး ခရစ်ယာန်အသက်တာ၏
အသက်ရှင်ခြင်းနှင့် အသင်းတော် ဖွဲ့စည်းတည်ထောင်ပုံ သဘောသဏ္ဍာန်ကို ခရေစေ့တွင်းကျ ရှင်းလင်းစွာ ဖော်ပြ
ထားခြင်းကြောင့် မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေလျှင် ကောင်းချီးများစွာ ဖြစ်ထွန်းမည်ဟု ကျွန်တော့်စိတ်ထဲ
လှိုက်လှိုက်လှဲလှဲ ခံစားရပါသည်။
စာအုပ်ကို ဖတ်ရှုရာ၌ နားမလည်ခြင်း၊ ရှုတ်ထွေးခြင်းရှိပါက မူရင်းစာရေးဆရာ၏ ချွတ်ယွင်း ချက်မဟုတ်ဘဲ
ဘာသာပြန်သူ၏အရေးအသားမကျွမ်းကျင်မှုနှင့် အားနည်းချွတ်ချော်မှုများကြောင့် သာ ဖြစ်ပါကြောင်း
ကြိုတင်ဝန်ခံအပ်ပါသည်။
“စာရှုသူအပေါင်း ခန္ဓာာ စိတ် ၀ိညာဉ် ကောင်းစားကြပါစေ”
ခရစ်တော်၏ မေတ္တာမွန်
မာတိကာ
အခန်း အကြောင်းအရာ စာမျက်နှာ
အမှာစာ
၁။ ဘုရားသခင်၏ အိမ်တော် (၀ါ) ရွှေအိမ်တော် ၁
၂။ တဲတော်၏မြင်ကွင်း ၁၀
၃။ အ၀င်တံခါးပေါက် ၁၃
၎။ မီးရှို့ရာ ယဇ်ပလ္လင် ၁၆
၅။ အင်တုံ ၃၄
၆။ ပျဉ်ချပ်များ ၄၅
၇။ မိုးတိမ် ၅၂
၈။ အရောင်(၄)မျိုး ၅၅
၉။ ၀င်ပေါက် (၃)ခု ၅၈
၁၀။ တဲတော်၏အမိုးကန့်လန့်ကာများ ၆၁
၁၁။ လုပ်ဆောင်ဆောင်ဖက်ကများ ၆၃
၁၂။ အမျိုးသမီးများကဏ္ဍ ၆၅
၁၃။ သန့်ရှင်းရာဌာန ၆၉
၁၄။ အောက်ခံကြမ်းပြင် ၇၇
၁၅။ ထမ်းပိုး ၇၉
၁၆။ ယဇ်ပုရောဟိတ်မင်း ၈၁
၁၇။ အသန့်ရှင်းဆုံးဌာန ၈၇
၁၈။ ရွှေအိမ်တော်သို့ ကြွလှမ်းခဲ့ပါ ၉၁
ဘုရားသခင် ၏ အိမ်တော်
အခန်း (၁)
တော၊ ၁း၅၀-၅၄။ တော၊ ၂
ဤအရပ်သည် လူနေရာ အရပ်မဟုတ်သော်လည်း ထောင်ပေါင်းမျာစွာသော လူရေ ရွက် ထည်တဲအိမ်များ
တပ်စခန်းချ၍ နေကြသည်။ စနစ်တကျ စခန်းချနေသော တဲများ၏ အလယ် ဗဟိုတွင် ရွှေအိမ်တော်သည် ခံ့ညားထယ်ဝါစွာ
တည်နေတော်မူ၏။ အညိုရောင်၊ အနက်ရောင် ဆောင်၍ အဆင်းသဏ္ဍာန် မွဲခြောက်ညစ်ထေလျက်
လှပထည်ဝါမှုကင်းမဲ့သည့် ရွက်ထည်တဲ များမှာ သဲကန္တာရတွင်း၌ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာနေကြသော
ဣသရေလ (အစ္စရေးလ်) လူစု၏ တဲအိမ်များပင်ဖြစ်သည်။ ထိုလူစုတွင် လူမျိုးနွယ်(၁၂)နွယ် ပါဝင်၏။ ထိုသူတို့
ခရီးထွက်ခွာသွားတိုင်း ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်များ၊ တိရစ္ဆာန်များ စနစ်တကျ စီတန်း သွားလာလေ့
ရှိကြသည်မှာ အဆုံးအစမရှိ ရှည်လျားလှ၏။
တဲထိုးလျက် စခန်းချကြသောအခါ၌လည်း ရွှေအိမ်တော်၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်
အရပ်လေးမျက်နှာ တစ်ဖက်စီတွင် လူမျိုးနွယ်(၃)ခုစီ နေရာယူ၍ လေးထောင့်စတုရန်းပုံ အကွက်ကျကျဖြင့် စနစ်တကျ
တပ်ချရပ်နားကြသည်။ ထိုသို့ တပ်ချရပ်နားသည့်အခါတိုင်း တပ်စခန်း၏ အလယ်ဗဟိုတွင် ကန့်လန့်ကာဖြင့်
ကာရံခြားနားထားသော ဘုရားသခင်၏ အိမ်တော် (၀ါ) ရွှေအိမ်တော်ကို တွေ့ရပေမည်။
အကယ်စင်စစ် အနက်ရောင် လူနေတဲများနှင့် လှပတင့်တယ်နေသည့် ဘုရားသခင်၏ ရွှေအိမ်တော်မှာ
ဆန့်ကျင်ဘက်ဖြစ်နေသကဲ့သို့ တဲအတွင်းရှိ လူသားများနှင့် ဘုရားသခင်သည် လည်း သဘောသဘာဝချင်း
အလွန်ကွာခြားလျက်ရှိသည်။ အကယ်၍ ထိုတဲများအတွင်းမှ အသံကို ဂရုတစိုက် နားထောင်ကြည့်မည်ဆိုလျှင်
တဲအသီးသီးမှ မိသားစုများ၏ ညည်းညူသံ၊ ရန်ဖြစ်သံ၊ ၀မ်းနည်း ငိုကြွေးသံများကို ကြားရလိမ့်မည်။ ထိုမျှမက တဲအတွင်းရှိ
လူတစ်ယောက်စီ၏ စိတ်နှလုံးကို ဆန်းစစ်ကြည့်လျှင် ကျွန်ုပ်တို့၏ စိတ်နှလုံးကဲ့သို့ တစ်ကိုယ်ကောင်းဆန်ခြင်း၊ မာန်
မာနထောင်လွှား ခြင်း၊ အတွေးအခေါ်ညစ်ညူးခြင်း၊ အကြမ်းဖက်ရန်ပြုလိုခြင်းနှင့် မုန်းတီးခြင်း များဖြင့် ပြည့်နှက်လျက်
ရှိနေသည်ကို တွေ့မြင်ရပေမည်။
ကမ္ဘာမြေရှိ သုခဘုံ
ဘုရားသခင်၏ အိမ်တော်(၀ါ)ရွှေအိမ်တော်သည် အဘယ်ကြောင့် လူသားများ အလယ်တွင် တည်ရှိနေသနည်း။
အဘယ်အကြောင်းကြောင့် ဤလူမျိုးနှင့် တွဲဖက်မိတ်သဟာယ ပြုလိုသနည်း။ ဤလူမျိုးကို ဘုရားသခင်
အဘယ်ကြောင့် မစွန့်ပစ်ရသနည်း။
ဘုရားသခင်သည် ကောင်းကင်ဘုံတွင် စံနေတော်မမူဘဲ အဘယ်အကြောင်းကြောင့် ဤ လောကသို့
ကြွဆင်းလာခဲ့ရသနည်း။ ဟူသော မေးခွန်းကို သင်မေးကောင်း မေးချင်ပါလိမ့်မည်။
ဘုရားသခင်သည် လူသားများ၏ အလယ်၌ ကျိန်းဝပ်ရန် အလိုရှိသကဲ့သို့ လူသားများကို သူနှင့် နီးနီးကပ်ကပ်
အသက်ရှင်နေထိုင်စေလိုသောကြောင့် ကောင်းကင်ဘုံမှ ကမ္ဘာမြေကြီးသို့ ကြွဆင်းလာပြီး ရွှေအိမ်တော်၌
ကျိန်းဝပ်ရခြင်းဖြစ်သည်။ လူသားများအကြားတွင် ကိန်းဝပ်လို သော ဘုရားသခင်၏ လိုအင်ဆန္ဒသည်
အစ္စရေးလ်လူမျိုးတို့၏ ခေတ်အခါ၌သာမက ယခု ပစ္စုပ္ပန် နှင့် နောင်အနာဂတ် ကောင်းကင်သစ်နှင့်
မြေကြီးသစ်ပေါ်ထွန်းမည့် ကာလအထိ ဆက်အလိုရှိနေ မည်။
ကြည့်ရှုလော့၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ် တော်မူမည်။ (ဗျာ ၂၁း၁-၃)
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၍ ကြီးမားလှသော မေတ္တာဖြင့် လူတိုင်းကို ချစ်တော်မူ၏။
သင့်ကိုလည်း ဘုရားသခင် ချစ်တော်မူ၏။ ဘုရားသခင်သည် သင်၌ ကျိန်းဝပ်ရန် အလို တော်ရှိသကဲ့သို့ သူနှင့်အတူ
ဝမ်းမြောက်ရွှင်လန်းစွာ ဆက်နွယ်အသက်ရှင်ခွင့်ကို သင့်အတွက် ပြင်ဆင်ပေးထားသည်။
အံ့ဖွယ်အိမ်တော်
ရွှေအိမ်တော် (၀ါ) ဘုရားသခင် အိမ်တော်သည် ဘုရားသခင်၏အကြောင်း ကောင်းကင်ဘုံ အကြောင်းနှင့်
ဘုရားသခင်၏ သားတော်အကြောင်းကို ဖေါ်ညွှန်းသွန်သင် ဖွင့်ပြလျက်ရှိသည်။ ရွှေအိမ်တော်ရှိ အရာဝတ္ထုများ၏
အတိုင်းအတာနှင့် အလေးချိန်ကို အဘယ်ကြောင့် အသေးစိတ် ဖေါ်ပြထားသနည်း။ ထိုသို့ဖေါ်ပြရခြင်းမှာ ဘုရားသခင်၏
အကြံအစည်တော်နှင့် ကောင်းကင် ရွှေမြို့တော်၏ ဘုန်းစည်းစိမ်တို့ကို ပိုမိုထင်ရှား ပေါ်လွင်စေရန် ဖြစ်သည်။
သမ္မာကျမ်းထဲမှ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း(၂)ပိုင်းစလုံးတွင် တဲတော်တည်ဆောက် ပုံ
တည်ဆောက်နည်း ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုနည်း၊ ယဇ်ပုရောဟိတ်တို့ လုပ်ဆောင်ရ မည့်
လုပ်ငန်းဆောင်တာများနှင့် ၄င်းတို့၏ အနက်အဓိပ္ပါယ်အလုံးစုံကို အခန်းကြီးပေါင်း(၅၀)ထက် မနည်း ဖေါ်ပြထားသည်။
ထွက်မြောက်ရာ ကျမ်းတွင် … … … … … … အခန်းကြီး (၁၃) ခန်း
ဝတ်ပြုရာ ကျမ်းတွင် … … … … … … … … အခန်းကြီး (၁၈) ခန်း
တောလည်ရာကျမ်းတွင် … … … … … … … အခန်းကြီး (၁၃) ခန်း
တရားဟောရာ ကျမ်းတွင် … … … … … … … အခန်းကြီး (၂) ခန်း
ဟေဗြဲသြ၀ါဒ စာစောင်တွင် … … … … … … .. အခန်းကြီး (၄) ခန်း
စုစုပေါင်း (၅၀) ခန်း
ဖန်ဆင်းခြင်းအကြောင်းကို ကျမ်း(၂)ခန်းသာ ဖေါ်ပြထားသည်ကို ယှဉ်ကြည့်ခြင်းအားဖြင့် တဲ တော်အကြောင်း
အဘယ်မျှ အရေးကြီးကြောင်း သိသာထင်ရှားနေသည်။
ရွှေအိမ်တော်အား မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သည့်ရည်ရွယ်ချက်ဖြင့် တည် ဆောက်ခဲ့ကြောင်း
ကျမ်းစာမှ လေ့လာသိရှိနိုင်သည်။ ဘုရားသခင်၏ ရွေးနှုတ်ခြင်းမတိုင်ခင် (၀ါ) အစ္စရေးလ်လူမျိုးများ
ပင်လယ်နီကိုမဖြတ်ကျော်ရသေးခင် သူ၏လူမျိုးတော်နှင့်အတူ ဘုရားသခင် ကျိန်းဝပ်တော်မူခြင်း လုံးဝမရှိသေးပေ။
ဘုရားသခင်သည် ပထမဆုံး လူသား အာဒံနှင့်သာမက ရှေးယုံကြည်သူ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား
ကိုယ်ထင်ရှားပြပြီး မိတ်သဟာယ ဖွဲ့ရုံသာ ရှိခဲ့၏။ ရွေးနှုတ်ခြင်းမပြုခင် ရွှေအိမ်တော်(၀ါ)သန့်ရှင်းရာဌာနကို တည်ဆောက်ဖို့
မိန့်ကြားခြင်း မရှိပါ။
တဲတော်ဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူသားများကို ရွေးနှုတ်ခြင်းအမှု၌ ဘုရား သခင်၏
အဖိုးအခပေး၍ ၀ယ်ယူခြင်းနှင့် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်သာ ပြီးစီးပြည့်စုံ ကြောင်း ပြသရန်ဖြစ်သည်။
ဘုရားသခင်၏ လူမျိုးတော်သည် သိုးသူငယ်၏ အသွေးဖြင့် ဖုံးအုပ်ခြင်းခံခဲ့ရရုံမျှမက ဘုရား သခင်၏
အားကြီးသောညာလက်ရုံးဖြင့် ပင်လယ်နီကိုကျော်ဖြတ်ထုတ်ဆောင်ခြင်း ခံခဲ့ရလေသည်။ ထိုသို့ ထုတ်ဆောင်ခြင်းခံရသော
လူစုသည် ဘုရားသခင်နှင့်အတူ မိတ်သဟာယ ဖွဲ့ခွင့်ရ၏။ ဘုရား သခင်သည်လည်း သူတို့၏အလယ်တွင်
ကျိန်းဝပ်တော်မူ၏။
ဘုရားသခင်သည် လူကို အသက်လွတ်ရုံသာ ကယ်တင်ခဲ့ခြင်းမဟုတ်ပဲ သူတို့ကို သန့်ရှင်း စင်ကြယ်စေပြီး
ကိုယ်တော်ကို ၀တ်ပြုကိုးကွယ်နိုင်ရန်နှင် ကိုယ်တော်၏ဘုန်းတော်ထင်ရှားစေရန် သက်သေခံများအဖြစ် သူတို့ကို
သီးခြားခွဲထုတ်ခဲ့လေသည်။ အစ္စရေးလ်လူမျိုးများသည် အီဂျစ်ပြည်၌ သူ့ကျွန်ဘ၀၌လည်းကောင်း၊ ရုပ်တုကိုးကွယ်သော
အပြစ်သားများဘ၀၌လည်းကောင်း၊ ကျင်လည်အသက်ရှင်နေရသောကြောင့် စစ်မှန်သောကိုးကွယ်ဝတ်ပြုခြင်းနှင့်
သက်သေခံခြင်းအမှု တို့ကို အလျင်းမပြုနိုင်ခဲ့ကြပေ။ သို့ဖြစ်၍ ဘုရားသခင်သည် မောရှေအားဖြင့် ဖာရောဘုရင်အား
“ငါ့အား ၀တ်ပြုမည့်အကြောင်း သူတို့ကိုလွှတ်လော့”ဟု အကြိမ်ကြိမ်ပြောကြားစေခဲ့သည်။ (ထွ ၈း၁၊ ၂၀။ ၉း၁)
တဲတော်ကို အီဂျစ်ပြည်နှင့် ခါနန်ပြည်တို့တွင် တည်ဆောက်ခြင်းမပြုခဲ့သည်မှာ အလွန်လေး နက်သော
အဓိပ္ပါယ်တစ်ရပ် ရှိနေ၏။ အီဂျစ်ပြည်နှင့် ခါနန်ပြည်တို့သည် ရုပ်တုကိုးကွယ်သော နေရာဖြစ်၍ (ယေဇ ၂၀း၅-၉)
ဘုရားသခင်အတွက် သန့်ရှင်းရာဌာန တည်ဆောက်ရန် နေရာလပ်မရှိ၍ တဲတော် မတည်ဆောက်ခဲ့ပါ။ သို့သော် ခါနန်ပြည်
“ရှိလော”အရပ်နှင့် အချို့နေရာ အချိန်များ၌ တဲတော်ကို တည်ဆောက်ခဲ့လေသည်။ (ယောရှု ၁၈း၁။ ၅ ရာ၊ ၁၆း၃၉)
အီဂျစ်ပြည်ကို ကျောခိုင်း၍ ခါနန်ပြည်သို့ ရှေ့ရှုသွားကြသော ကန္တာရခရီးသည်အတွက် ရွှေအိမ်တော်သည်
အလွန်အရေးကြီးသကဲ့သို့ ကောင်းကင်နိုင်ငံသို့ ဦးတည်လျှောက်လှမ်းနေသော ယုံကြည်သူများ၏
လောကခရီးကြမ်းတွင်လည်း ရွှေအိမ်တော်နှင့်ဆိုင်သော သွန်သင်ချက်များ သည် မရှိမဖြစ် အရေးကြီး လိုအပ်သည်။
ရွှေအိမ်တော်က ဘုရားသခင်အကြောင်း၊ ဘုရားသခင်၏ သားတော်အကြောင်းနှင့် ကောင်း ကင်ဘုံ ရွှေမြို့တော်
ဘုန်းစည်းစိမ်အကြောင်းကို ဖေါ်ပြသည့် ပုံစံနမူနာပင် ဖြစ်သည်။ (ဟေဗြဲ ၉း၂၃၊ ၂၄)။
ကောင်းကင်ဘုံ၏ အဓိကအကျဆုံးအရာသည် အဘယ်အရာဖြစ်သနည်း။
ဘုရားသခင်၏ သားတော်အရှင်ယေရှုခရစ်သည် ကောင်းကင်ဘုံ၏ အဓိကအကျဆုံးနှင့် အရေး ကြီးဆုံးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၏ စည်းစိမ်ချမ်းသာနှင့် ဘုန်းအသရေရှိ သမျှသည် အရှင်ယေရှု၌ တည်နေသည်။
ဘုရားသခင်၏ ထာဝရအကြံအစည် တော်၏ အဓိက ပုဂ္ဂိုလ်မှာ အရှင်ယေရှုဖြစ်၏။ ရွှေအိမ်တော် အစိတ်အပိုင်းတစ်ခုစီကို
လေ့လာလျှင် ယေရှုအကြောင်း ကိုသာ ရှုဒေါင့်အမျိုးမျိုးမှ တွေ့ရလေသည်။
တဲတော်၏ ပုံဆောင်ချက်များ
တဲတော်သည် ခရစ်တော်၊ အသင်းတော်နှင့် ယုံကြည်သူ ခရစ်ယာန်တို့ကို ပုံဆောင်လျက် ရှိကြောင်း
ထူးဆန်းအံ့သြဖွယ် တွေ့မြင်ရသည်။
၁။ ခရစ်တော်ကို ပုံဆောင်သည်
တဲတော်၌ ပါဝင်ဖွဲ့စည်းထားသော အရာဝတ္ထုတိုင်းသည် ခရစ်တော်ဆောင်ရွက်ခဲ့သော အမှုများ နှင့် ကိုယ်တော်၏
လူ့ဇာတိလက္ခဏာအချို့ကို ဖေါ်ပြသွန်သင်ထားသည်။ တမန်တော်ကြီး ရှင်ယောဟန်က “နှုတ်ကပတ်တော်သည်လည်း
လူ့ဇာတိကိုခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း၊
ပြည့်စုံလျက်ငါတို့တွင်တည်နေ(ကျိန်းဝပ်)တော်မူသည်ဟု ပြောကြား ခဲ့သည်။’’ (ယော ၁း၁၄) ထို့ကြောင့် ခမည်းတော်ထံမှ
ခံရသော ခရစ်တော်၏ ဘုန်းအသရေကို တဲတော်၌ ကျွန်ုပ် တို့ တွေ့မြင်ရသည်။
တဲတော်၌ ဘုရားသခင်၏ ဘုန်းအသရေတော် စုံလင်စွာ ကျိန်းဝပ်သကဲ့သို့ ခရစ်တော်၌ ဘုရားပကတိ
အဖြစ်တော်စုံလင်စွာ ကျိန်းဝပ်တော်မူ၏ (ကော ၂း၉) ဆက်လက်လေ့လာသောအခါ တဲတော်အတွင်းရှိ
အသေးဆုံးပစ္စည်းမှ အကြီးဆုံးပစ္စည်းတိုင်အောင် ခရစ်တော်ကို ပုံဆောင်လျက် ရှိကြောင်း ကျွန်ုပ်က တွေ့မြင်ရလိမ့်မည်။
၂။ အသင်းတော်ကို ပုံဆောင်သည်
ဓမ္မဟောင်းကာလ တလျှောက်လုံးတွင် တဲတော်၌ နက်နဲသော အရာများကို ဖုံးအုပ်ထားခဲ့ပြီး
ဓမ္မသစ်ကာလရောက်မှ ၀ိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ကို ဖေါ်ပြခဲ့သည် (ဧဖက် ၃း၁-၂၁၊ ၅း၂၃-၃၃၊ ကော ၁း၂၀-၂၉)
သို့ဖြစ်၍ တဲတော်အကြောင်း မလေ့လာဘဲ အသင်းတော်အကြောင်းကို စုံလင်စွာ နားလည်နိုင်မည် မဟုတ်ပေ။
တမန်တော်ကြီး ရှင်ပေါလုက ယုံကြည်သူများအား “ဗိမာန်တော်၌လည်း ဘုရားသခင်သည် ၀ိညာဉ်တော်အားဖြင့်
ကျိန်းဝပ်တော်မူခြင်း အလို့ငှာ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက် လျက်ရှိကြ၏။” (ဧဖက် ၂း၂၂)ဟုပြောရာ၌
တဲတော်အားဖြင့် ပုံဆောင်ပြသခဲ့သည့် အရာများကို ပြန်လည် ပြောကြားနေခြင်းဖြစ်သည်။ အသင်းတော်၏တာဝန်မှာ
ဘုရားသခင်အား ကိုးကွယ် ၀တ်ပြုခြင်းနှင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် သက်သေခံခြင်းပင်ဖြစ်သည်။
၃။ ယုံကြည်သူခရစ်ယာန်ကို ပုံဆောင်သည်
ရွှေအိမ်တော်သည် ယုံကြည်သူ ခရစ်ယာန်ကိုပုံဆောင်နေ၏။ ခရစ်တော်၌ရှိသော ယုံကြည်သူတို့သည်
ဘုရားသခင် ကျိန်းဝပ်ရာဌာနဖြစ်သည်။ ကော ၁း၂၇ ၌ “ထိုစည်းစိမ်ကား ဘုန်းအသရေကို
မျှော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း”ဟု ဖတ်ရှုရသည်။ တစ်ဖန်
“သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ၀ှက်ထားလျက်ရှိ၏” (ကော ၃း၃၃) ၌ ဖော်ပြထားပြန်သည်။
ဆက်လက်၍ ပေါလုက ကျွန်ုပ်တို့(ယုံကြည်သူ)၏ ကိုယ်ခန္ဓာသည် သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်ရာ ဗိမာန်တော်
ဖြစ်သည် ဟု ဆိုထားလေသည်။ (၁ ကော ၃း၁၆)။
စစ်မှန်သော ယုံကြည်သူ ခရစ်ယာန်တစ်ယောက်၏ ခန္ဓာ၊ စိတ်၊ ၀ိညာဉ်သည် တဲတော်၏ အပိုင်း(၃)ပိုင်းနှင့်ညီ၏။
ယုံကြည်သူ၏ “ကိုယ်ခန္ဓာ”ပိုင်းသည် အပြင်ဘက်ဆုံး တဲတော်�'80င်း အပိုင်းနှင့် တူ၏။ ဤအပိုင်းသည် ယဇ်ပူဇော်ခြင်း၊
သန့်ရှင်းစင်ကြယ်ခြင်းပြုရာ အပိုင်းဖြစ်သည် (ရေ ၁၂း၁-၂၊ ၁ယော၊ ၁း၇-၉)။
“စိတ်” ပိုင်းသည် တဲတော်၏ သန့်ရှင်းဌာနနှင့်တူညီသည်။ ဤအပိုင်းတွင် ယုံကြည်သူများ အတူ
မိတ်သဟာယဖွဲ့ခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်း၊ ပွဲတော်စားခြင်းအားဖြင့် ဘုရားသခင်အထံတော် သို့ ချဉ်းကပ်ကိုးကွယ်ရာ
အပိုင်းဖြစ်သည်။
“၀ိညာဉ်”ပိုင်းမှာ တဲတော်၏ အတွင်းဆုံးအပိုင်းဖြစ်သော အသန့်ရှင်းဆုံးဌာနနှင့် တူညီသည်။ ၀ှက်ထားသည့်
အသက်လည်းဖြစ်သည်။ ဤအပိုင်းသည် အသွေးတော်ဖြင့် ဖုံးအုပ်ခြင်းခံရသော ကြောင့် ဘုရားသခင်နှင့် တစ်ဦးချင်း
ဝတ်ပြုကိုးကွယ်၍ ဆက်သွယ်နိုင်သော အပိုင်းဖြစ်သည်။ (ယော ၄း၂၃) (ရော ၁း၉)။ ဤအပိုင်းသည်
ဝိညာဉ်ရေးရာအောင်မြင်မှုရသော နေရာလည်းဖြစ်သည်။
အချုပ်ဆိုရသော် တဲတော်၏ သွန်သင်ချက်နှင့်ပုံဆောင်ချက်များသည် ဓမ္မသစ်ကာလ ခရစ်ယာန်တို့
ဆောင်ရွက်ရမည့်အရာ အလုံးစုံကို ဖော်ပြသည်။
တဲတော်နှင့်ပတ်သက်၍ုဘုရားသခင်၏စီမံချက်(၂)ခုမှာ
(၁) ဘုရားသခင်၏ ကျေးဇူးကရုဏာတော်ကို လူတ့အိုား ထင်ရှားပြခြင်း။
(၂) လူက ဘုရားသခင်အထံတော်သို့ ယုံကြည်ခြင်းဖြင့် တိုးဝင်ချဉ်းကပ်နိုင်ခြင်း၊ ကိုပြသည်။
တဲတော်ဆောက်လုပ်ရာ၌ ပထမဦးဆုံး ပဋိညာဉ်သေတ္တာကို အစပြုဆောက်လုပ်စေပြီးမှ ကြေးဝါယဇ်ပလ္လင်ဖြင့်
အဆုံးသတ်စေခဲ့သည်။ သို့သော် လူသည် ကြေးဝါယဇ်ပလ္လင်၌အစပြု
ချဉ်းကပ်ကာ ပဋိညာဉ် သေတ္တာရှိရာ အသန့်ရှင်းဌာနသို့ ဆက်လက်တိုးဝင်ချဉ်းကပ်ရန် ဘုရားသခင်
ညွှန်ကြားထားလေသည်။ ဤအကြောင်းအရာသည် ခရစ်ယာန်များအတွက် ၀မ်းမြောက်ဖွယ် သတင်း ကောင်းဖြစ်လာသည်။
ကမ္ဘာပေါ်မှာရှိရှိသမျှ ဘာသာတရားအားလုံးက လူတွေ ဘုရားသခင်ကို တွေ့အောင်ရှာရ မည်ဟု
သွန်သင်ထားသော်လည်း သမ္မာကျမ်း၌ကား ဘုရားသခင်ကိုယ်တော်တိုင် လူသားများထံ သို့ ကြွဆင်းလာပြီး
အပြစ်သားများကို ကယ်တင်ရွေးနှုတ်သည့် အလွန်ထူးဆန်းအံ့သြဖွယ်ရာ သတင်းကောင်းရှိ၏။ ခရစ်တော်သည်
ကောင်းကငဘုံပလ္လင်ကိုစွန့်ပြီး လက်ဝါးကပ်တိုင်ထက်၌ ကိုယ်စား အသေခံသည့်တိုင်အောင် လူသားများအား မေတ္တာ၊
ကရုဏာ ထင်ရှားပြသခဲ့သည်။ ထိုသို့ ဖေါ်ပြသည်ကို လူကယုံကြည်လက်ခံခြင်းဖြင့် ကယ်တင်ခြင်းခံစားရမည့် အကြောင်း
ဘုရား သခင် စီမံခဲ့သည်။
နောင်တရသော အပြစ်သားတစ်ယောက်သည် ယုံကြည်ခြင်းဖြင့် ဘုရားသခင် အထံတော် သို့
ပြန်လည်ချဉ်းကပ်လျှင် ကယ်တင်ခြင်းရရှိနိုင်သော အဆင့်(ရ)ဆင့်ရှိသည်။
လမ်းကြောင့် အဆင့်(၇)ဆင့်
၁။ အစပြုဝင်ရောက်ရာ ပထမအဆင့်
တဲတော် ၀င်းတံခါးမှအစပြု၍ ၀င်ရောက်နိုင်သည်။ အရှင်ယေရှုက “ငါသည် သိုးဝင်သော တံခါးဝဖြစ်၏။
ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ ရလိမ့်မည်”ဟု မိန့်ဆိုထား၏။ (ယော
၁၀း၈-၉)။
၂။ ရန်ငြိမ်းခြင်းပြုရာ ဒုတိယအဆင့်
ကြေးဝါ ယဇ်ပလ္လင်၌ ရန်ငြိမ်းခွင့်ရသည်။ ဘုရားသခင်သည် ခရစ်တော်အထဲ၌ တည်နေပြီး လောကီသားတို့၏
အပြစ်များကို မှတ်တော်မမူဘဲ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယ ဖွဲ့ စေတော်မူ၏။ ဘုရားသခင်သည်
အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိ သောသူဖြစ်စေတော်မူ၏။ ငါတို့သည် ထိုသူအားဖြင့်
ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည့်အကြောင်းတည်း။ (၂ ကော ၅း၁၉-၂၁)။
၃။ သန့်ရှင်းစင်ကြယ်ခြင်းပြုရာ တတိယအဆင့်
အင်တုံ၌ သန့်ရှင်းခြင်းပြုရသည်။ အရှင်ယေရှုက “ ရေချိုးပြီးသောသူ မည်သည်ကား ခြေဆေးခြင်းမှတစ်ပါး
ဆေးရသောအကြောင်းမရှိ။ တစ်ကိုယ်လုံးစင်ကြယ်၏” ဟု တပည့်တော်များ ကို မိန့်တော်မူခဲ့၏ (ယော ၁၃း၁၀)။
ဆက်လက်၍ “သင်တို့သည် ငါဟောပြောသော စကားအားဖြင့် ယခုပင် ရှင်းလင်း (သန့်ရှင်း)လျက်ရှိကြ၏ ”(ယော ၁၅း၃)။
ပေကျံနေသော ခြေ လက်တို့ကို ရေဖြင့် ဆေးကြော သန့်ရှင်းရသကဲ့သို့ ညစ်ညူးသော စိတ်နှလုံးကို
နှုတ်ကပတ်တော်ရေဖြင့် ဆေးကြောရ သည်။ (ဧ ၅း၂၇)။
၎။ အလင်းထွန်းတောက်ရာ စတုတ္ထအဆင့်
ရွှေမီးတိုင်၏ အလင်းရောင်သည် ထွန်းလင်းတောက်ပနေသော အရှင်ယေရှုကို ဆိုလို သည်။ ယေရှုက “ငါသည်
ဤလောက၏ အလင်းဖြစ်သည်။ ငါ့နောက်သို့လိုက်သော သူသည် မှောင်မှိက်၌ မသွားမလာ၊ အသက်၏
အလင်းကိုရလိမ့်မည်”ဟု မိန့်တော်၏။ (ယော ၈း၁၂)။
၅။ စိတ်ကျေနပ်ချမ်းမြေ့ရာ ပဉ္စမအဆင့်
ရှေ့တော်မုန့်စားပွဲ၌ စိတ်ကျေနပ် ချမ်းမြေ့ခွင့်ရသည်။ ယေရှုကလည်း “ငါသည် အသက်မုန့် ဖြစ်၏။
ငါ့ထံသို့လာသောသူသည် နောက်တစ်ဖန် အဆာအမွတ်မခံရ” ဟု မိန့်တော်မူ၏။ (ယော ၆း၃၅)
၆။ ဆုတောင်းပတ္ထနာပြုရာ ဆဌမအဆင့်
နံ့သာပေါင်း မီးရှို့ရာ ရွှေယဇ်ပလ္လင်၌ ဘုရားသခင်ထံ ဆုတောင်းခွင့်ရသည်။ “ထိုကြောင့် ငါတို့သည်
ဘုရားသခင်၏ ကျေးဇူးတော်ကို ၀န်ခံလျက် နှုတ်ခမ်းအသီးတည်းဟူသော ယဇ်ကို သခင်ယေရှုခရစ်အားဖြင့်
ဘုရားသခင်၏ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့ (ဟေဗြဲ ၁၃း၁၅)။
၇။ အတူတကွ မိတ်သဟာယပြုရာ သတ္တမအဆင့်
ရွှေအိမ်တော်အား လူ့အတွေးအခေါ် လူ့အကြံအစည်ဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဘုရားသခင်၏
အလိုဆန္ဒ၊ ဘုရားသခင်၏ အကြံအစည်ဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ “ငါ သည် သင်တို့တွင် ကျိန်းဝပ်ဖို့
သန့်ရှင်းရာဌာနကို လုပ်ကြစေ” (ထွ ၃၉း၄၀)။ တဲတော်သည် အဘယ်လူသားတစ်ယောက်မျှ တွေးတောကြံဆ၍
တည်ဆောက်ရန် မတတ်စွမ်းနိုင်သည့် အဆောက်အအုံတစ်ခုဖြစ်သည်။Aromahttp://www.blogger.com/profile/14071267064832183434noreply@blogger.com1tag:blogger.com,1999:blog-2328282272547876838.post-20480893579798170282010-10-09T17:04:00.000-07:002010-10-11T17:49:07.045-07:00Doing and Beingဘုရားသခင်က သင့်ရဲ့ doing ကို စိတ်ဝင်စားနေတာမဟုတ်ဘူး
သင့်ရဲ့ being ကိုသာ ကြည့်နေတာဖြစ်တယ်...။
-rick warren-Aromahttp://www.blogger.com/profile/14071267064832183434noreply@blogger.com0